အိုကေနှင့် ဒွန်းတံဆိပ်အဝင်များခဲ့ဧပြီလဒုတိယပတ်အတွင်း OK နို့ဆီ ၁၇၇ ဒသမ ၁၆ တန်ကို တင်သွင်းခဲ့ပါ တယ်။ ဧပြီလစတုတ္ထပတ်မှာတော့ OK တံဆိပ်နို့ဆီ ၂၅၂ ဒသမ ၈၄ တန်နဲ့ DAWN နို့ဆီ ၁၁၄ ဒသမ ၁၉ တန် အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ဧပြီလ ပထမပတ်အတွင်း နို့ဆီ တန် ငါးရာကျော်တင်သွင်းနိုင်ခဲ့တာကြောင့် နို့ဆီအဝင်က ပထမပတ်နဲ့ စတုတ္ထပတ် မှာ အများဆုံးတင်သွင်းခဲ့တာ တွေ့ရပါ တယ်။နို့မှုန့်က ဧပြီလ ဒုတိယပတ်အတွင်း စင်ကာပူနိုင်ငံနဲ့ စပိန်နိုင်ငံတို့မှ ၄၇ ဒသမ ၉၁ တန်တင်သွင်းခဲ့ပြီး စတုတ္ထ ပတ်မှာတော့ တရုတ်နိုင်ငံ၊ စင်ကာပူ နိုင်ငံနဲ့ သြစတြေးလျနိုင်ငံတို့မှ နို့မှုန့် ၁၆၄ ဒသမ ၅၀ တန် တင်သွင်းခဲ့ပါ တယ်။ ဒါကြောင့် ဧပြီလအတွင်း နို့မှုန့် အဝင် တန်ချိန်ကိုကြည့်ရင် ဧပြီလ စတုတ္ထပတ်မှာ နို့မှုန့်အများဆုံး ဝင်ခဲ့ တာ ဖြစ်ပါတယ်။ MIRT (DOT)နို့ဆီ၊ နို့မှုန့်၊ နို့စိမ်း ဧပြီလ နို့ထွက်ပစ္စည်းတင်သွင်းမှု ၂၀၁၂-၁၃ ဘဏ္ဍာနှစ်စ ဧပြီလမှာ ကော့သောင်း နယ်စပ်ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၇ သန်း တန်ဖိုးရှိ နို့ဆီ (တာ ၄၀၀) ၇ ဒသမ ၅၈ တန်၊ ကန်ဒေါ်လာ သုည ဒသမ ၀၂၀ သန်း တန်ဖိုးရှိ နို့စိမ်း ၂၀ ဒသမ ၈၅၆တန်(၁၁၀၀ တာ)နဲ့ မူဆယ် နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၆၂ သန်း တန်ဖိုးရှိ နို့မှုန့် ၂၂ တန်ခန့် အသွင်းရှိခဲ့ပါတယ်။ ဧပြီ ၂၄ ရက်မှ မေ ၁ ရက်ထိ ကာလအတွင်းမှာတော့ နယ် စပ်နို့ဆီ၊ နို့စိမ်းနဲ့ နို့မှုန့် စတဲ့ နို့ထွက် ပစ္စည်းတင်သွင်းမှု မရှိခဲ့ပါဘူး။ MIRT (DOBT)ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေး ဒွန်း (နို့ဆီ) 760 750 ဒွန်း (နို့စိမ်း) 620 625 ဝမ်းတီးနို့ဆီ 640 660 အိုကေ(နို့ဆီ) 650 615 အိုကေ (နို့စိမ်း) 650 600
Background