Main menu

Background

ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်း ကျဆင်းပေမယ့် ပဲပုပ်ဈေးနှုန်းမကျ

Tue, 05/15/2012 - 07:40 -- Anonymous (not verified)

    ကမ္ဘာ့ စားနပ်ရိက္ခာ ဈေးနှုန်း ကျဆင်းတယ်လို့ FAO  က ကြေညာ ပေမယ့် ပဲပုပ်ကြိုပွိုင့်ဈေးကတော့ ၄ နှစ် နီးပါးအတွင်း ၎င်းရဲ့ အမြင့်ဆုံးဈေးကို ဆက်လက်ထိန်းထားပါတယ်။ ၂၀၀၈ ခုနှစ်၊ ဇူလိုင်လကစပြီး ယခုလအထိ ပဲပုပ်ဈေးအမြင့်ဆုံးကို   ရောက်ရှိနေပြီး၊ ရောင်းချမှု နည်းတာကြောင့်လည်း ဆက်လက်မြင့်တက်ဖွယ်ရှိနေပါတယ်။ ပဲပုပ်လက်ကျန်နည်းခြင်းက ပြောင်းဈေး ပိုမိုမြင့်တက်စေဖို့လည်း တွန်းပို့နေတယ် လို့ သတင်းများစွာက ဆိုထားပါတယ်။     ကမ္ဘာ့တစ်ဝန်း ပဲပုပ်ထွက်ရှိမှုဟာFAO  ခန့်မှန်းချက်အရ အမေရိကန်နဲ့ တောင်အမေရိကမှာ   ပဲပုပ်အထွက် လျော့လို့ ၂၀၁၁-၁၂ မှာ ၉ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းပြီး၊ တန်ချိန် ၂၄၀ သန်း ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ရောင်းချမှု၊ ကျဆင်းမှုဟာ တစ်နှစ်ထက် တစ်နှစ်စံချိန်တင်ကျဆင်းနေပြီလို့ ဆိုပါ တယ်။ အမေရိကန် ပြောင်းဈေးကွက် ကယခုနှစ်မှာ သမိုင်းတင်မယ့် သီးနှံများ ထဲမှာ ပါဝင်ဖွယ်ရှိတဲ့အတွက် ပဲပုပ်ဈေး နှုန်းက ၂၀၁၂-၁၃ မှာ ဆက်လက်မြင့် တက်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။    ဈေးကွက်မှာရောင်းချမှု နည်းတဲ့ ပဲပုပ် ဈေးဟာ အရှိန်အဟုန်နဲ့ တိုးတက် နိုင်တာကြောင့် ၂၀၁၂-၁၃ မှာ ပဲပုပ်စိုက် ပျိုး မှုမှာ ပိုမို အလေးထားလာကြတယ် လို့ FAO မှ ဝါရင့်စီးပွားရေးပညာရှင်နဲ့ သီးနှံ လေ့လာဆန်းစစ်သူ  Abdolreza  Abbassian  မှ ပြောကြားပါတယ်။ စားနပ်ရိက္ခာဈေးနှုန်း ၃ လကြာမြင့် တက်ပြီး၊ ကမ္ဘာ့စားနပ်ရိက္ခာ ဈေးနှုန်း ပြန်လည်ကျဆင်းခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်၊ ဒုတိယနှစ်ဝက်အတွင်း ဈေးနှုန်း ကျဆင်းခဲ့ရာမှ ဇန်နဝါရီလမှာ ပြန်လည် မြင့်တက်ခဲ့ပါတယ်။    ယမင်းခင်Source: oryza.com