Main menu

Background

ပင်လယ်ရေကြောင်းက နှမ်း တန် ၅၀၀ ကျော် တင်ပို့မှုရှိ

Tue, 05/15/2012 - 07:41 -- Anonymous (not verified)

    ပင်လယ်ရေကြောင်းက နှမ်းပြည်ပတင်ပို့မှုမှာ ဧပြီလ ၂၂ ရက်မှ ၂၇ ရက် အတွင်း တန်ချိန် ၅၄၀ ခန့်ရှိပါတယ်။ ဧပြီလ ပထမပတ်မှာ တန်ချိန် ၂၆၀ ကျော်၊ ဧပြီလ ၈ ရက်မှ ၁၈ ရက်မှာ တန်ချိန် ၄၆၀ ခန့် အသီးသီးတင်ပို့ခဲ့ပါတယ်။ ပြည် တွင်းမှာ နှမ်းလက်ကျန်နည်းလာတဲ့အပြင် တရုတ်နယ်စပ်မှဆွဲအားများတာကြောင့် ပင်လယ် ရေကြောင်းက တင်ပို့မှုလျော့ကျလာတာဖြစ်ပါတယ်။ လက်ရှိ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်ဧပြီလ ၂၇ ရက်အထိ စုစုပေါင်း နှမ်းတင်ပို့မှုမှာ တန်ချိန် ၂၅၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၁၂၀၀ ကျော်သာ တင်ပို့နိုင်ခဲ့ ကြောင်း သိရပါတယ်။MIRT - MAPT