Main menu

Background

ကမ္ဘာ့စီးပွားရေးပြဿနာများကြောင့် စားအုန်းဆီဈေး သီတင်း ၆ ပတ်အတွင်း ဆက်တိုက်ကျဆင်းလာ

Tue, 05/15/2012 - 07:44 -- Anonymous (not verified)

    ကမ္ဘာ့စီးပွားရေးပြန်ကောင်းမွန်လာခြင်းနဲ့ ကုန်စည်ဝယ်လိုအားတို့အပေါ် သံသယဖြစ်စေတဲ့  အီးယူ အကျပ်အတည်းနဲ့ အမေရိကန်မှ စီးပွားရေးစာရင်းများ ထွက်ပေါ်လာတာကြောင့် မေလ ၃ ရက်နေ့မှာ မလေးရှား၊ စားအုန်းဆီကြိုပွိုင့်ဈေး ဟာ သီတင်း ၆ ပတ်အတွင်း ဆက်တိုက်ကျဆင်းလာခဲ့ပါတယ်။ စားအုန်းဆီကြိုပွိုင့် ဈေးဟာ မတ်လ ၂၃ ရက်မှာ ဖြစ်ပေါ်တဲ့ တစ်တန်ရင်းဂစ် ၃၃၇၀ (ကန်ဒေါ်လာ ၁၁၁၁)ကို လျော့ကျခဲ့တယ်လို့ သိရပါတယ်။    ကမ္ဘာ့စီးပွားရေးအလားအလာအရ စားအုန်းဆီဈေးနှုန်းက ကျဆင်းနေဆဲ ဖြစ်ပါတယ်။ စားအုန်းဆီရောင်းချမှုနဲ့ ပတ်သက်လို့လည်း ဆီအုန်း အပင်ပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ ကွာလာလမ်ပူရှိ Keranga   ရင်းနှီးမြှုပ်နှံမှုဘဏ်မှ သုတေသန ပညာရှင်  Alan  Lim  မှ ပြောကြားပါတယ်။ ဘာစာ မလေးရှား ကုန်စည်ဒိုင်မှာ ဇူလိုင်အခြေခံစံနှုန်း စားအုန်းဆီကြိုပွိုင့်ဈေးက ၂ ဒသမ ၄ ရာခိုင်နှုန်း လျော့ကျပြီး၊ တစ်တန် ရင်းဂစ် ၃၃၇၀ (ကန်ဒေါ်လာ ၁၁၁၁)နဲ့ ဈေးပိတ်ခဲ့တယ်လို့ သိရပါတယ်။    ဧပြီလအတွင်း ပြည်ပတင်ပို့မှုများခြင်းက ဈေးကွက်မြှင့်တင်ဖို့ မအောင်မြင်တာ ကြောင့် ကုန်သည်များဟာ ဈေးကွက်လှုပ်ရှားလို့ရမယ့် ထုတ်လုပ်မှုအရေအတွက်ကို စောင့်ကြည့်နေကြပါတယ်။ မလေးရှားစားအုန်းဆီ ဘုတ်မှ လာမယ့်သီတင်းပတ်မှာ ထွက်ရှိမှုနဲ့ လက်ကျန်စာရင်းကို ထုတ်ပြန်မှာဖြစ်ပါတယ်။    ထွက်ရှိမှုလျော့ကျလို့ မတ်လအတွင်း တန်ချိန် ၂ သန်းအောက်ရောက်ခဲ့တဲ့ လက်ကျန်လည်း ထပ်မံကျဆင်း နိုင်ပါတယ်။ ကုန်ပစ္စည်းစစ်ဆေးတဲ့ အေဂျင်စီများရဲ့ စာရင်းအရ စားဆီဝယ်လိုအား ခိုင်မာဖွယ်ရှိနေပါတယ်။ ဧပြီလ ပြည်ပတင်ပို့မှုဟာ ယခင်လထက် ၁၀ ရာခိုင်နှုန်းခန့် ပိုမိုတယ်လို့ သိရပါတယ်။ မေလ ၃ ရက်နေ့မှာ ရေနံစိမ်းဈေးက တစ်စည်ကန်ဒေါ်လာ ၁၁၈ အထက်မှာငြိမ်နေပြီး၊ အခြားဟင်းသီး ဟင်းရွက် ဆီ ဈေးကွက်မှာ ဇူလိုင်လ စာချုပ် အမေရိကန် ပဲပုပ်ဆီဈေးမှာ သုည ဒသမ ၃ ရာခိုင်နှုန်းကျဆင်းပြီး၊ ဒေလီယံကုန်စည်ဒိုင်မှာ စက်တင်ဘာစာချုပ် ပဲပုပ်ဆီဈေးက ၁ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။ယုဇနSource: Reuters