စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ တောင်ကြီး ၁ ပိဿာ ၃၀၅ ၃၁၀ ၂ လားရှိုး ၁ ပိဿာ ၃၉၀ ၄၀၀ ၃ မူဆယ် ၁ တန် ၂၈၅၅၃၉ ၂၈၂၀၄၆ ၄ မန္တလေး ၁ ပိဿာ ၃၄၈ ၃၅၂ ပြောင်းကို တရုတ်ဝယ်အားပုံမှန်ရှိနေ တောင်ကြီးဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင်ပုံမှန် ရှိသလို ရန်ကုန်-မန္တလေးဝယ်လက်နဲ့ ဒေသတွင်း အစာစပ်သမားများ ကလည်း ဝယ်အားပုံမှန်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၃၁၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၀၀၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါ တယ်။ မူဆယ်ဈေးကွက်မှာ ပြောင်းက ဈေးကွက်အဝင်ရှိသလောက် တရုတ်အဆွဲပုံမှန်ရှိနေပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးမဆို သလောက်ကျနေတယ်လို့ သိရပါတယ်။ လားရှိုးဈေးကွက်မှာ ပြောင်းက ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေ ပေမယ့် တရုတ်ဝယ်အားကတော့ ပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၄၀၀ ကျပ်နဲ့ တစ်ပတ် အတွင်း ပိဿာချိန် ၂၈၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးဈေး ကွက်မှာ ပြောင်းကို တရုတ်အဆွဲပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၃၅၂ ကျပ်ဈေးနဲ့ တစ်ရက်ကို အိတ် ၃၀၀ မှ ၅၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံ ပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။
Background