Main menu

Background

ထိုင်ဝမ်(ကုလားပဲ)

Tue, 05/15/2012 - 07:55 -- Anonymous (not verified)

    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ         ယခင်    ယခု    ပြောင်းလဲမှု     ၁    မန္တလေး           ၁ ပိဿာ         ၈၄၄        ၉၀၇                ၂    မကွေး              ၁ ပိဿာ          ၈၅၃       ၉၂၁         ၃    မုံရွာ                 ၁ ပိဿာ           ၈၃၂      ၉၀၀        ၄    အောင်လံ           ၁ ပိဿာ          ၈၆၀       ၉၀၀        ၅    မြင်းခြံ               ၁ ပိဿာ          ၈၄၀       ၈၇၅    ၆    ပြည်                 ၁ ပိဿာ          ၈၈၀       ၉၂၅    ၇    ပခုက္ကူ              ၁ ပိဿာ           ၈၂၀      ၉၀၀    ၈    ရေစကြို            ၁ ပိဿာ             ၈၂၀     ၈၈၅ကုလားပဲအရောင်းအဝယ်သွက်လို့ ဈေးမြောက်    မန္တလေးဈေးကွက်မှာ ကုလားပဲက  ဈေးကွက်သို့ အဝင်ပုံမှန် ရှိသလို မြို့ခံပဲခွဲစက်တွေကလည်း ဝယ်အား များလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၉၀၇ ကျပ် (တစ်တန်ကို ၅၅၅၄၃၇ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၄၀၀ မှ ၆၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲခွဲစက်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ မကွေးဈေးကွက်မှာ မြို့ခံပဲခွဲစက်တွေက ဝယ်အား သွက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ် ပိဿာကို ၉၂၁ ကျပ်(တစ်တန်ကို ၅၆၄၀၁၁ ကျပ်) ဈေးနဲ့ နေ့စဉ် အိတ် ၃၀၀ မှ ၅၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ ပခုက္ကူဈေးကွက်မှာ ခွဲစက်နဲ့ အမှုန့်ကြိတ်စက်များက ဝယ် အားပုံမှန်ရှိသလို ရောင်းသူကုန်သည်များကလည်း လက်ရှိပေါက် ဈေးကို ကြိုက်နှစ်သက်တာကြောင့် အရောင်းပိုများလာတယ်လို့ ဆိုပါတယ်။  အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၀၀ ကျပ် (တစ် တန်ကို ၅၅၁၁၅၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၅၀ ခန့် ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ အောင်လံဈေးကွက်မှာ မြို့ခံပဲခွဲစက်တွေက ပစ္စည်းဝယ်ယူဖြည့်တင်းတဲ့အနေနဲ့ ဝယ်အားများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၉၀၀ ကျပ် (တစ်တန်ကို ၅၅၁၁၅၁ ကျပ်)ဈေးနဲ့ နေ့စဉ် အိတ် ၅၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ရေစကြိုဈေးကွက်မှာတော့ အရောင်းအဝယ် ခပ်ပါးပါးသာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၈၈၅ ကျပ် (တစ်တန်ကို ၅၄၁၉၆၅ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၁၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပြည်ဈေးကွက်မှာ ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို မြို့ခံခွဲစက် သမားများနဲ့ လှောင်လက်သမားများကလည်း ဝယ်အားပုံမှန်ရှိခဲ့တယ် လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၂၅ ကျပ် (တစ်တန်ကို ၆၅၅၄၆၀ ကျပ်) ဈေးနဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်ဖြစ်ခဲ့ တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ မုံရွာဈေးကွက်မှာ ခွဲစက်၊ ကြာဇံစက်နဲ့ ပဲကြော်ဖိုစတဲ့ ဒေသတွင်းလုပ်ငန်းသုံးအဖြစ် မပါမဖြစ်ပဲဖြစ်လို့ လုပ်ငန်းသမားတွေ ဝယ်လိုအား မြင့်လာတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့် လာတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၀၀ ကျပ် (တစ် တန်ကို ၅၅၁၁၅၁ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။