မဝေးသောအတိတ်က ခပ်စိမ်းစိမ်းယခု ၂၀၁၂ ခုနှစ်ဖြစ်သည်။ ယခုနှစ်မှစ၍ နောက်ကြောင်းပြန် ရေတွက်ကြည့်ပါက နှစ် ၂၀ ကျော်ကာလအတွင်း သူတို့သည် ခပ်ခွာခွာနေခဲ့ ကြ၏။ စိမ်းစိမ်းကားကား ပြုမူခဲ့ကြ၏။ ဆက်စပ် ပတ်သက်နေသည့် အရေးကိစ္စမှန်သမျှတွင် အဆက်အစပ်ပြတ် တောက်သွားစေရန် ဖြည်း ဖြည်းချင်းတစ်မျိုး၊ အလျင်အမြန်တစ်မျိုး စီစဉ်ခဲ့ကြ သည်။ တစ်နိုင်ငံချင်းအားဖြင့် လည်းကောင်း၊ အုပ်စုအားဖြင့်လည်းကောင်း အားထုတ်ခဲ့ကြဖူး သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများဟု အမည်တပ်ထားသော အမေရိကန်နှင့် ဥရောပနိုင်ငံများ အပါအဝင် စီးပွားရေးအင်အားကြီး နိုင်ငံများသည် မြန်မာ နိုင်ငံနှင့် ဆက်ဆံရေးတွင် ပိတ်ပင်ကန့်သတ်မှု၊ ဖြတ်တောက်မှုများဖြင့် ကာလတစ်လျှောက် စိတ် ထင်သလို ဆောင်ရွက်ခဲ့ကြသည်။ အမေရိကန်နိုင်ငံ သည် လည်းကောင်း၊ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများသည်လည်းကောင်း အခြားသောနိုင်ငံ များထက် ပိုမိုပြင်းထန်စွာဖြင့် ထိထိရောက်ရောက် ကိုင်တွယ်လျက် ရည်မှန်းထားသော ရလဒ်သို့ ရောက်ရှိစေရန် လုပ်ဆောင်ခဲ့သည်။ လက်နက် တင်ပို့ရောင်းချမှု၊ ခရီးသွားလာမှု၊ ဘဏ္ဍာရေး၊ ကုန်သွယ်ရေး စသည့် စီးပွားရေးကဏ္ဍများနှင့် အခြားသော ကူညီထောက်ပံ့မှုများ အပါအဝင် အရေးကြီးသည့် ဆက်စပ်ဆောင်ရွက်မှုများ ဖြတ် တောက်လျှော့ချရေးကို တစ်စိုက်မတ်မတ် ပြုလုပ် လျက်ရှိသဖြင့် မြန်မာနိုင်ငံနှင့် ၎င်းတို့အကြား မူလရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများ တစ်စစ ကုန် ခန်းလာခဲ့ရသည်။ ထိုပြုမူချက်များ၏ အကျိုးသက် ရောက်မှုများကို အနည်းနှင့်အများဆိုသလို မြန်မာ နိုင်ငံသည် ခံစားခဲ့ရသည်။ ဤသို့ဖြင့် ဗဟိုစီမံကိန်း ချ စီးပွားရေးစနစ်နှင့် ဆိုရှယ်လစ်အစိုးရ ပြိုလဲပြီး နောက် ၁၉၈၈ ခုနှစ်လွန်ကာလများတွင် မြန်မာ နိုင်ငံသည် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများ စွာတို့၏ စိမ်းစိမ်းကားကား အပြုအမူကို ပြင်း ပြင်းထန်ထန် ခံခဲ့ရလေသည်။ချစ်ကြိုးများ ဖြတ်ကာလမ်းခွဲမြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ကြီး၏ ပဋိညာဉ်စာချုပ်ပါ အခြေခံမူများ ၁၉၅၅ ခုနှစ် အာရှ-အာဖရိက ဘက်မလိုက်နိုင်ငံများ၏ ဘန် ဒေါင်းညီလာခံမှချမှတ်ထားသော မူများနှင့်အတူ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်သည့်ဝါဒကို တစ် သမတ်တည်း ကျင့်သုံးလျက် မည်သည့်နိုင်ငံနှင့် မဆို ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနေထိုင်သည့် အစဉ်အလာ ရှိခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံနှင့် ခပ်စိမ်းစိမ်းဆက်ဆံနေသည့် ကမ္ဘာ့တစ်ဖက်ခြမ်းမှ အမေရိကန်နိုင်ငံနှင့်ဆိုလျှင် မြန်မာဘုရင်များ လက်ထက်ကတည်းက ဆက်ဆံမှုများရှိခဲ့ပြီး သမိုင်း တစ်လျှောက် ချစ်ကြည်ရေးဒီဂရီ အနိမ့်အမြင့်ရှိခဲ့ သည့်တိုင် အမေရိကန်တို့ဘက်မှ ချစ်ကြည်ရေး ထိခိုက်စေသည့် အခြေအနေများ ဖန်တီးခဲ့သည့် တိုင် ဆက်ဆံမှုများ ပုံမှန်ရှိစေရန် အားထုတ်ခဲ့ သည်။ ဥရောပနိုင်ငံများနှင့်လည်း ထိုနည်းတူစွာ ပင်။ ဗြိတိသျှအပါအဝင် ဥရောပနိုင်ငံများနှင့် မြန်မာတို့၏ ဆက်ဆံရေးသည် အနုတ်လက္ခဏာ ဆောင်သော အခြေအနေများရှိခဲ့သော်လည်း ရှေး ယခင်ကတည်းက ပတ်သက်ဆက်နွှယ်မှုများ များစွာ ရှိနေခဲ့သည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲကာလဖြစ် စဉ်တွင် သဘောထားမတိုက်ဆိုင်မှုများ ဖြစ်ပေါ် လာသောအခါ အစဉ်အလာရှိခဲ့သော ဆက်ဆံမှု များ ရင်းနှီးမှုများကို လစ်လျူရှုကာ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူပြည်သားများ၏ အကျိုးစီးပွားကို ထိခိုက်စေခဲ့သော ကန့်သတ်မှု၊ ပိတ်ပင်မှုများကို ပြည်တွင်းနိုင်ငံရေး အပြောင်းအလဲ ဖိအားပေးနိုင် ရန်အတွက် လုပ်ဆောင်ခဲ့ကြသည်။အမေရိကန်နိုင်ငံသည် ၁၉၉၀ ခုနှစ်နောက် ပိုင်း မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှုနှင့် မြန်မာအစိုးရအရာရှိများ အမေရိကန်ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်မှုများ ပြုလုပ်ခဲ့သည်။ ၁၉၉၇ ခုနှစ် သမ္မတ ကလင်တန်လက်ထက်တွင် အမေရိကန်မှ စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှုအသစ်များ မပြုလုပ်နိုင်ရေးအတွက် ဥပဒေ များ ချမှတ်ကျင့်သုံးခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် Burmese Freedom and Democracy Act ဖြင့် မြန်မာနိုင်ငံမှ သွင်းကုန်များကို တားမြစ်ပိတ်ပင် ခဲ့ပြန်သည်။၂၀၀၇ ခုနှစ် သမ္မတဘု(ရှ်)လက်ထက် ၌ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်မှုများ ဆက်လက် ပြုလုပ်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် Tom Lantos Block Burmese JADE Act ဖြင့် မြန်မာနိုင်ငံမှ အဖိုး တန် ကျောက်မျက်ရတနာများ အမေရိကန်နိုင်ငံ အတွင်းသို့ တင်သွင်းခွင့်ကို ထပ်မံပိတ်ပင်ခဲ့သည်။ဥရောပသမဂ္ဂသည်လည်း ၁၉၉၀ ခုနှစ် များမှစ၍ မြန်မာနိုင်ငံအပေါ်ပိတ်ဆို့မှုများ စတင်ခဲ့သည်။၁၉၉၆ ခုနှစ်တွင် ပိုမိုအားကောင်းလာခဲ့သည်။၎င်းအခြေအနေများနောက်ပိုင်း နိုင်ငံရေးနှင့်ဆက် နွယ်သော ပိတ်ဆို့မှုများအပြင် စီးပွားရေးနှင့်ဆိုင် သော ကိစ္စရပ်များပါရှိခဲ့ရာ နိုင်ငံပိုင်လုပ်ငန်းများ သို့ ချေးငွေများ ထုတ်ချေးခြင်းကို ဟန့်တားမှုများ ရှိလာခဲ့သည်။၂၀၀၇ ခုနှစ်နောက်ပိုင်းတွင် ခရီး သွားများ သွားရောက်လည်ပတ်မှုများ၊ ရင်းနှီးမြှုပ်နှံ မှုများ၊ ပြည်တွင်းလုပ်ငန်းများတွင် လိုအပ်သော စက်ကိရိယာများ တင်ပို့မှုများကိုပါ ဟန့်တားပိတ် ဆို့မှုများ ထပ်မံ၍တိုးချဲ့ပြုလုပ်ခဲ့ပြန်သည်။ လွတ် လပ်ရေးရပြီး ကာလကတည်းက ဖွံ့ဖြိုးရေးအကူ အညီများ မြန်မာနိုင်ငံသို့ ထောက်ပံ့ကူညီမှုများ ရှိခဲ့သော ၁၉၈၈ ခုနှစ် နောက်ပိုင်းကာလများမှာ ပင် ဆက်လက်ပေးနေခဲ့သော ဂျပန်နိုင်ငံသည် လည်း ချင့်ချင့်ချိန်ချိန်ဖြင့် ဆောင်ရွက်လာခဲ့သည်။၂၀၀၇ ခုနှစ်တွင်မူ ထောက်ပံ့အကူအညီ အတော် များများကို ရပ်ဆိုင်းမှုများ ပြုလုပ်လိုက်သည်။ဤ သို့ဖြင့် အမေရိကန်၊ ဥရောပနိုင်ငံများ၊ အာရှမှ စီးပွားရေးအင်အားကြီးနိုင်ငံအချို့နှင့် မြန်မာနိုင်ငံ ၏ ဆက်ဆံရေးမှာ ချစ်ကြည်ရင်းနှီးမှု ပြတ်စဲလုလု ဖြစ်ကာ လမ်းခွဲများသို့ လျှောက်ခဲ့ကြရသလို ဖြစ်ခဲ့ ရသည်။လှုပ်ရှားလာသော အစိမ်းရောင်တံခါးများချစ်ကြည်ရင်းနှီးမှု လျော့ကျကာ၊ ဆက်ဆံ ရေးကျဲစေခဲ့သည့် အစိမ်းရောင် တံခါးများသည် ၂၀၁၁ ခုနှစ် အစိုးရသစ် တက်လာပြီးနောက်တွင် အစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများအောက်တွင် လှုပ်လှုပ်ရှားရှားဖြစ်ခဲ့သည်။ မကြာသေးခင်က ကျင်းပပြီးစီးခဲ့သော ၂၀၁၂ခုနှစ် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲအလွန်တွင်မူ ထိုစေ့ထား သော တံခါးများ အနည်းငယ်ဟလာပြီဟု ဆိုနိုင် မည်ထင်သည်။ အမေရိကန်နိုင်ငံမှ ယခင်က ကန့် သတ်ထားခဲ့သော ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ ကန့်သတ်မှုအချို့ကိုရုပ်သိမ်းပေးခဲ့သည်။ နှစ်နိုင်ငံ ဆက်ဆံရေးတွင် အထောက်အကူဖြစ်စေမည့် အခြေအနေများကိုလည်း ထည့်သွင်းစဉ်းစား၍ ဆောင်ရွက်ထားသည်ကို တွေ့ရှိရသည်။အမေ ရိကန်နိုင်ငံ၏ ကန့်သတ်ပိတ်ပင်မှုများကိုစတင် ဖြေလျော့ခြင်းတို့သည် ကြားဖြတ်ရွေးကောက်ပွဲ အလွန်တွင် ပို၍ပီပြင်ကာ လက်တွေ့ကျလာခဲ့ သည်။ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများသည်လည်း ဖေဖော်ဝါရီကတည်းက မြန်မာနိုင်ငံမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၏ အီးယူနိုင်ငံများသို့ ခရီးသွားလာခွင့် ကို ရုပ်သိမ်းပေးခဲ့သည်။ ကြားဖြတ်ရွေးကောက် ပွဲအပြီးတွင် လက်နက်ရောင်းချမှုကိစ္စမှအပ အခြား သော အရေးယူပိတ်ဆို့မှုများကို တစ်နှစ်ဆိုင်းငံ့ ထားရန် ဆုံးဖြတ်ခဲ့သည်။ အခြားသော စီးပွားရေး အင်အားကြီးနိုင်ငံများဖြစ်သည့် ဗြိတိန်၊ သြစ တြေးလျ၊ ပြင်သစ်၊ နော်ဝေးနိုင်ငံတို့မှလည်း ယခင် ကထားရှိသည့် သဘောထားများပြောင်းလဲ၍ ဖြေ လျော့မှုများ ပြုလုပ်ပေးခဲ့သည်။ အာရှစီးပွားရေး အင်အားကြီး ဂျပန်သည်လည်း ကြွေးမြီများလျှော့ ပေါ့ပေးခြင်းတို့အပြင် ကူညီထောက်ပံ့ငွေကိုပါ ထပ်မံပေးသွားမည်ဟု နိုင်ငံတော်သမ္မတကြီး၏ ဂျပန်သို့သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ကြား သိရသည်။အနာဂတ် နိုင်ငံစီးပွားရေးအ တွက် သတင်း ကောင်းများကြားသိနေရသည်။ ယခင်ကပိတ်ထား ခဲ့သော အစိမ်းရောင်တံခါးများ စေ့ထားသည့် အဆင့်မှ 'ဟ'လာသည့် အခြေအနေသို့ ရောက်ရှိ ခဲ့လေပြီ။ ထိုအခြေအနေမှတစ်ဆင့် လိုလိုလား လား ဖွင့်ပေး၍ ပွင့်သွားသည့် အခြေအနေသို့ ရောက်ရှိလာတော့မည်ဟု မျှော်လင့်မိသည်။ ယခင် မတိုက်ဆိုင်မှုများစွာဖြင့် စိမ်းနေသော ၎င်း တို့၏ မျက်လုံးများ ယုံကြည်မှု၊ နားလည်မှု၊ ချစ် ကြည်ရင်းနှီးမှုတို့ ဖြစ်ထွန်းလာသောကြောင့် အရောင်ပြောင်းလာပြီလောဟု တွေးမိ၏။
Background
