Main menu

Background

ထိုင်းနယ်စပ်မှ ရေထွက်ကုန် တင်ပို့မှု တန် ၄၀၀၀ ကျော်ထိရှိ

Tue, 05/15/2012 - 08:03 -- Anonymous (not verified)

     ဧပြီလ ၂၅ ရက်မှ မေလ ၁ ရက်ထိကာလအတွင်းမှာ မြဝတီနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၃၃၉ သန်း တန်ဖိုးရှိ ငါးမျိုးစုံ ၁၁၄ တန်၊ ပုစွန် ၇ တန်ကျော်နဲ့ ကဏန်း ၁၆ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၈၆၈ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၁၂၁၁ ဒသမ ၉၂၃ သန်းတန်ဖိုးရှိ ကဏန်း ၃ တန်၊ ခရု သုညဒသမ ၃၇၅ တန်၊ငါးဆားနယ်၁၁ ဒသမ ၂၂၀ တန်နဲ့ ပဂဲ ၁ ဒသမ ၆၅၈ တန် အပို့ရှိခဲ့ပါတယ်။ မြိတ်နယ်စပ်မှ ကန်ဒေါ်လာ ၃၂၀၀ ကျော်တန်ဖိုးရှိ ငါးမျိုးစုံ၊ ရေငန်ပုစွန်၊ ကင်းမွန်ပြုတ် ခြောက်၊ ငါးနီအသားလွှာ၊ ကင်းမွန်၊ ကင်းမွန်အသားလွှာ၊ ကင်းမွန်ကောင်လုံးသန့်၊ ကင်းမွန်ခေါင်း၊ ပုစွန်ခြောက်၊ ငါးမှုန့်၊ အေးခဲပုစွန်၊ ငါးခြောက်၊ အေးခဲကဏန်းပျော့၊ ငါးအသားလွှာ နဲ့ ကဏန်းအသေး (အသေ)များ တင်ပို့ခဲ့ပါတယ်။     နယ်စပ်စခန်းအလိုက် တင်ပို့နိုင်မှုအပတ်ချုပ်ကတော့ မြဝတီနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၃၃၉ သန်းတန်ဖိုး ရှိ ရေထွက်ကုန် ၁၃၇ ဒသမ ၇၇၃ တန်၊ ကော့သောင်းနယ်စပ် မှ ကန်ဒေါ်လာ သုညဒသမ ၈၆၈ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၂၂၈ ဒသမ ၁၆၈ တန်နဲ့ မြိတ်နယ်စပ်မှ ကန်ဒေါ်လာ ၃ ဒသမ ၄၉၃ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၃၂၀၁ ဒသမ ၀၆၄ တန်ရှိခဲ့တဲ့အတွက် ယခုအပတ်နယ်စပ်မှ ကန်ဒေါ်လာ ၄ ဒသမ ၇ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၄၅၆၇ တန်ခန့် တင်ပို့ နိုင်ခဲ့ပါတယ်။MIRT(DOBT)