Main menu

Background

အေးခဲ အမဲသား တန် ၂၆၀ ကျော် အပို့ ပို

Tue, 05/15/2012 - 08:04 -- Anonymous (not verified)

    ဧပြီလ ၂၅ ရက်မှ မေ ၁ ရက်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၇၅၄ သန်း တန်ဖိုးရှိ အေးခဲအမဲသား ၄၃၃ တန်ခန့်၊ သားရေ  ၅၅ တန်ကျော်၊ ဘေးထွက်ပစ္စည်း ၁၉ တန်ခန့်၊ ကလီစာ ၃၆ တန်ကျော်နဲ့ အမဲပြုတ်သား ၈ တန်ခွဲ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ် ကထက် အေးခဲအမဲသား ၂၆၃ ဒသမ ၅၂၈ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ အေးခဲအမဲသား ၃၄၁ တန်၊ ကျွဲနွားသားရေ ၅၅ တန်ကျော်၊ ကလီစာ ၃၇ တန်ခန့်၊ ချင်းရွှေဟော်မှ အေးခဲအမဲသား ၉၁ တန်ကျော်၊ နွားဘေးထွက် ၁၉ တန်ခန့်နဲ့ အမဲပြုတ်သား ၈ တန်ခွဲ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်ကထက်  အေးခဲအမဲသား ၂၆၃ ဒသမ ၅၂၈ တန်အပို့ပိုခဲ့ပါတယ်။ နယ်စပ်မှ ဧပြီလမှ အေးခဲအမဲသား တန် ၁၀၀၀ ကျော်၊ ကျွဲနွားသားရေ ၄၃၉ တန်ခန့်၊ နွားကြော ၉ တန်၊ ကလီစာ ၃၇ တန်၊ အမဲပြုတ်သား ၈ တန် ခွဲ၊ နွားဘေးထွက် တန် ၂၀ ခန့် တင်ပို့ထားပြီးဖြစ်ပါတယ်။MIRT(DOBT)