Main menu

Background

ပရဆေးတန် ၁၆၀၀ ကျော် မူဆယ်နယ်စပ်မှ အပို့ရှိ

Tue, 05/15/2012 - 08:05 -- Anonymous (not verified)

    ဧပြီလ ၂၅ ရက်မှ မေ ၁ ရက်အထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၂ ဒသမ ၆၄၃ သန်းတန်ဖိုးရှိ ပရဆေး ကုန်ကြမ်း ၁၆၀၇ ဒသမ ၈၀၁ တန် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ချဉ်ပေါင်ဖာလာ (အခွံပါ/အခွံမပါ)၊ စကားပန်းပွင့်ခြောက်၊ နနွင်းခေါင်း၊နနွင်းတက် (ရှမ်းစ)၊ ဖန်ခါးသီးခြောက်၊ မိကျောင်း ကွမ်းဖတ်စေ့၊ ဝဥခြောက်၊ တောချင်း၊ နေလဲစေ့၊ ခပေါင်းစေ့၊ ကြက်ဆူစေ့နဲ့ ဂုံညှင်းလုံးများ အပို့ပိုခဲ့ပြီး တောဂျူးမြစ်၊ ကွမ်း စားဂမုန်း၊ ကြောင်လျှာစေ့၊ ကွမ်းသီးခွံတို့ အပို့လျော့ခဲ့ပါတယ်။ ယခင်အပတ်က အပု့ိမရှိခဲ့တဲ့ သီဟိုဠ်စေ့ (အခွံံမပါ)၊ ကြောင် ပန်းစေ့နဲ့ ကုလားပန်းပွင့်ခြောက်တို့ ယခုအပတ်မှာ တင်ပို့နိုင်ခဲ့ ပါတယ်။ ယခင်အပတ်ကထက် ၇၉၂ တန် ကျော် ယခုအပတ် မှာ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဧပြီလတစ်လလုံးမှာ မူဆယ်မှ ပရဆေး ၄၅၇၆ တန်ဝန်းကျင် အပို့ရှိခဲ့ပါတယ်။ တမူးနယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၀၀၇ သန်းတန်ဖိုးရှိ တောင်လုံး ကျော် သုညဒသမ ၅ တန်နဲ့  ဆောင်းမေခါး ၁ ဒသမ ၄၅ တန် တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်က တောင်လုံး ကျော် သုညဒသမ ၁၅ တန်သာအသွင်းရှိခဲ့တာ ဖြစ်ပါတယ်။MIRT(DOBT)