Main menu

Background

တရုတ်နယ်စပ်မှ ရေထွက်ကုန်တင်ပို့မှု ယခင်အပတ်ထက်ပိုမို

Tue, 05/15/2012 - 08:08 -- Anonymous (not verified)

    ဧပြီလ ၂၅ ရက်မှ မေလ ၁ ရက်ထိကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုညဒသမ ၉၇၃ သန်းတန်ဖိုးရှိ ရေထွက်ကုန် တန် ၂၄၀ ကျော် အပို့ရှိခဲ့ပါတယ်။ နယ်စပ် အလိုက်တင်ပို့မှုတွေကတော့ မူဆယ်မှ ငါးရှဉ့် ၆၀ ဒသမ ၁၄၉ တန်၊ ကဏန်း ၆၆ ဒသမ ၉၄၄ တန်၊ ရေငန်ငါးမျိုးစုံ ၈၁ ဒသမ ၅၉၂ တန်နဲ့ ချင်းရွှေဟော်မှ ငါးရှဉ့် ၃၂ ဒသမ ၂၄၀ တန်ဖြစ်ပါတယ်။ ယခင်အပတ်ကထက် မူဆယ်မှ ငါးရှဉ့် ရော ကဏန်းပါ အပို့ပိုခဲ့တဲ့အပြင် ရေငန်ငါးမျိုးစုံ ယခုအပတ်မှာ အပို့ရှိတာ တွေ့ရပါ တယ်။                                                     MIRT(DOBT)