Main menu

Background

သြင်္ကန်ကာလပေမယ့် တင်ပို့အားကောင်းတဲ့ ပြောင်း

Tue, 05/15/2012 - 08:10 -- Anonymous (not verified)

    ဧပြီ ၈ ရက် ၂၈ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၃၀၅၉ တန်၊ တန်ဖိုးဒေါ်လာ သုညဒသမ ၈၅ သန်းဖိုးကို ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်ခဲ့ပါတယ်။ သြင်္ကန်ပိတ်ရက်များရှိနေပေမယ့်လည်း စဉ်ဆက် မပြတ်တင် ပို့နိုင်ခဲ့တာကြောင့် သြင်္ကန်မတိုင်ခင်ကာလ တင်ပို့မှုထက် ၂ ဆ တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ နိုင်ငံအလိုက် တင်ပို့မှုတွေ့ကတော့ ဗီယက်နမ်ကို ၁၃၇၀ တန်၊ အိန္ဒိယကို ၄၆ တန်၊ ဖိလစ်ပိုင်ကို ၃၅၅ တန်နဲ့ စင်ကာပူကို ၁၂၈၈ တန် အသီးသီး တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ ဧပြီနောက်ဆုံး ပတ်မှာ ၇၈၀၀တန် တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။FOB ရန်ကုန်ဈေးနှုန်းကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို ၂၇၅-၂၉၅ ဒေါ်လာ ဈေးပေါက်တယ်လို့ သိရပါ တယ်။                                                      KZW