Main menu

Background

နယ်စပ်မှပြောင်းတန်ချိန် ၇၈၀၀ ကျော် တင်ပို့နိုင်

Tue, 05/15/2012 - 08:11 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ် ရေးစခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ  ၁၉၀ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၇၈၂၀ ဒသမ ၈၀၀ တန်ကို ဧပြီလ ၂၅ ရက်မှ မေလ ၁ ရက်အတွင်းမှာ တင်ပို့နိုင်ခဲ့ တာ ဖြစ်ပါတယ်။ နယ်စပ်စခန်းအလိုက်တင်ပို့နိုင်မှုတွေ့ကတော့ မူဆယ်မှ ၆၅၆၆ တန် ကျော်၊ လွယ်ဂျယ်မှ ၄၅၄ တန်နဲ့ချင်းရွှေဟော်မှ တန် ၈၀၀ အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် တန် ၅၀၀၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ် ဧပြီလမှာ ပြောင်းဖူးစေ့ ၁၆၈၇၅ တန်ဝန်းကျင် နယ်စပ်မှတင်ပို့ထားပြီးဖြစ်ပါတယ်။MIRT(DOBT)