၂၀၁၂ ဧပြီလ ၈ ရက်မှ ၂၈ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၂၂၆၂ တန်၊ တန်ဖိုးဒေါ်လာ ၇ ဒသမ ၈၀၈ သန်းဖိုးကို တင်ပို့နိုင်ခဲ့ပါတယ်။သြင်္ကန်မတိုင်မီ တင်ပို့မှုထက် တန် ၆၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်ကို ၁၁၁၀ တန်၊ မလေးရှားကို ၄၂၄ တန်၊ ဗီယက်နမ်ကို တန် ၃၆၀ နဲ့ စင်္ကာပူကို ၃၆၈ တန်အသီးသီး တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ကမ္ဘာ့ဝယ်လိုအားကျဆင်းနေပေမယ့်လည်း မြန်မာ့ရော်ဘာက သြင်္ကန်ကာလမှာပင် အပို့ကောင်း နေတာတွေရပါတယ်။ နယ်စပ်ကုန်သွယ်ရေးကလည်း အရှိန်မပျက် (၁၈၇၈) တန် တင်ပို့နေတာတွေ့ရပါတယ်။ FOB ရန်ကုန်ဈေးနှုန်းကတော့ RSS-3 တစ်တန်ကို (၃၄၀၀-၃၅၀၀) ဒေါ်လာကြားဈေးရပြီး RSS-5 တစ်တန်ကို (၃၃၀၀-၃၄၀၀) ဒေါ်လာကြားဈေး ရတယ်လို့သိရပါတယ်။ KZW
Background