ဧပြီလ ၂၅ ရက်မှ မေလ ၁ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၆ ဒသမ ၅၈၂ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၈၇၈ တန်တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်က ၈၅၆ တန်သာ အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ ရော်ဘာအဆင့်စုံ ၁၀၂၂ တန် အပို့ပိုခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ကန်ဒေါ်လာ ၁ ဒသမ ၂၄၇ သန်းတန်ဖိုးရှိ RSS-2 ၂၆ ဒသမ ၅ တန်၊ RSS-3 ၉၃ ဒသမ ၂၆ တန်၊ MSR-20 ၁၆၂ တန်နဲ MSR-50 ၆၃ တန်၊ ချင်းရွှေဟော်မှ ကန်ဒေါ်လာ ၅ ဒသမ ၁၂၇ သန်းတန်ဖိုးရှိ RSS-3 ၁၃၄၂ တန်၊RSS-5 ၃၇ ဒသမ ၅ တန်၊ MSR-20 ၄၉ တန်ကျော်နဲ့ MSR-50 ၃၉ ဒသမ ၅ တန်နဲ့ မြိတ်မှ ကန်ဒေါ်လာ ၀ ဒသမ ၂၀၈ သန်း တန်ဖိုးရှိRSS-3 ၆၅ တန် အသီးသီးဖြစ်ပါတယ်။ ဧပြီလမှာနယ်စပ်မှ ရော်ဘာ ၃၈၂၇ တန်ခန့်တင်ပို့ ထားပြီးဖြစ်ပါတယ်။ တစ်ဘက်နိုင်ငံဈေးပြောင်းလဲမှုမရှိသော်လည်း မိမိဘက်မြေပြင်ပေါက်ဈေး ကျပ် ၁၀၀၀၀ ကျော်လျော့နည်းလျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက် ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၂၇၅၈၄၀၀ ၂၇၆၈၆၀၀ ၁၀၂၀၀ ၀ .၄ ၃၄၆၃ ၃၄၆၃ - -RSS - 5 ၂၆၅၆၈၀၀ ၂၆၆၇၀၀၀ ၁၀၂၀၀ ၀ .၄ ၃၃၃၆ ၃၃၃၆ - - MIRT (DOBT)
Background