Main menu

Background

ပထမ ၃ လပတ်တွင် ကမ္ဘာ့ရော်ဘာထုတ်လုပ်မှု ၉ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းနိုင်

Tue, 05/15/2012 - 08:22 -- Anonymous (not verified)

    ယခုနှစ်ပထမ (၃) လမှာ ရော်ဘာထုတ်လုပ်သောနိုင်ငံများအသင်း ANRPC   ရဲ့ ရောင်းလိုအား  ၉ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါတယ်။  ANRPC အဖွဲ့ဝင်နိုင်ငံတွေက ကမ္ဘာ့ထုတ်လုပ်မှုရဲ့ ၉၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပါတယ်။ ဈေးနှုန်း ကျဆင်းခြင်းကို ရင်ဆိုင်ဖို့အတွက် တောင်သူများက စိတ်အားထက်သန်စွာ ကြိုးစားရမှာအပြင် ကောင်းမွန်တဲ့စိုက်ပျိုးရေး နည်းစနစ်များကိုလည်း လေ့ကျင့်ဖို့လိုကြောင်းANRPC   ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ပြန်လည်သုံးသပ်ခြင်း    ပထမ ၃ လပတ်အတွင်း ရော်ဘာဈေးနှုန်းများ ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း သိရပါတယ်။ ANRPC   က ယခုနှစ်ရောင်းလိုအားကို ပြန်လည်သုံးသပ်ရာမှာ မက်ထရစ်တန်ချိန် ၁၀ ဒသမ ၂၉၇ သန်းခန့်ကိုကျဆင်းသွားမယ်လို့ ခန့်မှန်း ပါတယ်။အစောပိုင်းမှာ ယခုနှစ်ထုတ်လုပ်မှုတိုးမယ်လို့ ခန့်မှန်းခဲ့ပေမယ့် ထိုင်းနဲ့ မလေးရှားတို့ရဲ့ ထုတ်လုပ်မှု အကြီး အကျယ် ကျဆင်းတာကြောင့် ကမ္ဘာ့ထုတ်လုပ်မှုကျဆင်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံရဲ့ထုတ်လုပ်မှု ၁၄ ဒသမ ၅ ရာခိုင်နှုန်းနဲ့ မလေးရှားရဲ့ ထုတ်လုပ်မှု ၉ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ရော်ဘာဈေးနှုန်းတွေလည်း ပြုတ်ကျခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယကတော့ ယခုနှစ်အတွင်းမှာ ထုတ်လုပ်မှု ၃ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး တန်ချိန် ၉ ဒသမ ၂၇ သိန်းရှိခဲ့တယ်လို့ သိရပါတယ်။ ယခုနှစ်ပထမလေးလအတွင်းမှာတော့ ထုတ်လုပ်မှု ၃ ဒသမ ၇ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့ကြောင်း သိရပါတယ်။တရုတ်အထွက်နှုန်းတိုးတက်     ထိုင်းနဲ့ မလေးရှားရဲ့ထုတ်လုပ်မှု သိသိသာသာလျော့ကျနေချိန်မှာ တရုတ်ရဲ့ထုတ်လုပ်မှုကတော့ ၃၈ ရာခိုင်နှုန်းခန့်မြင့်တက် ခဲ့ကြောင်း သိရပါတယ်။ ဗီယက်နမ်ကတော့ ၁၂ ရာခိုင်နှုန်းထုတ်လုပ်မှုမြင့်တက်ကာ ဒုတိယနေရာလိုက်နေကြောင်း သိရပါတယ်။ ယခုနှစ်ပထမလေးလမှာ ကမ္ဘာ့တင်ပို့မှု ၆ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းပြီး ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ရဲ့ ပို့ကုန်ကျဆင်း ခဲ့ကြောင်း သိရပါတယ်။ ဗီယက်နမ်ရဲ့တင်ပို့မှုက ၂၂ ရာခိုင်နှုန်းမြင့်တက်ပြီး အများဆုံးတင်ပို့တာကတော့ တရုတ်ကိုဖြစ်ပါတယ်။ ကမ္ဘာ့ဈေးကွက်မှာလည်း သွင်းကုန်ပြန်လည်မြင့်တက်လာပြီး အဓိကတင်သွင်းသူတွေကတော့ အိန္ဒိယနဲ့ ဗီယက်နမ်ဘဲဖြစ်ကြောင်း သိရ ပါတယ်။ ကမ္ဘာ့ရော်ဘာသုံးစွဲမှုကလည်း မြန်မြန်ဆန်ဆန်မြင့်တက်လာပြီး ၄ ဒသမ ၇ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပါတယ်။ အများဆုံးသုံးစွဲသူတွေကတော့ တရုတ်၊ အိန္ဒိယနဲ့ မလေးရှားတို့ ဖြစ်ပါတယ်။ အလားအလာကောင်းများရှိ    အိန္ဒိယမှာအတိုးနှုန်းမြင့်မားမှုကသုံးစွဲသူများကို မော်တော်ယာဉ်များ ဝယ်ယူဖို့နှောင့်နှေးနေကြောင်း ANRPC  မှ ပြော ကြားပါတယ်။ ခရီးသည်တင်ကားရောင်းချရနှုန်းကတော့ ၂ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ကြောင်း သိရပါတယ်။ နှစ်စဉ် ထရပ်ကားနဲ့ဘက်စ်ကားတာယာထုတ်လုပ်မှုက ၆ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့ပြီး ယခင်နှစ်က ၂ ဒသမ ၆ ရာခိုင်နှုန်းသာ တိုးတက်မှု ရှိခဲ့ကြောင်း မော်တော်ကားတာယာထုတ်လုပ်သူများအသင်း ANRPC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။     ရော်ဘာနှင့်ပြုလုပ်ထားတဲ့ အသုံးအဆောင်များသုံးစွဲမှုကတော့ ကျဆင်းခဲ့ကြောင်း ရော်ဘာအသင်းက ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့စီးပွားရေးကျဆင်းမှုအရှိန်    ရောင်းလိုအား ကျဆင်းနေပေမယ့် ဝယ်လိုအားနည်းတာ တစ်ကြောင်း၊ ရေနံ ဈေးကျဆင်းတာ တစ်ကြောင်းနဲ့ အရောင်း အဝယ်နဲ့ ဆက်စပ်နေတဲ့ငွေကြေးတွေ မတည်ငြိမ်မှုကြောင့် ရော်ဘာဈေးနှုန်းလည်း မတ်လလယ်မှစပြီး ကျဆင်းခဲ့ကြောင်း သိရ ပါတယ်။ ကမ္ဘာ့စီးပွားရေးက ယခုနှစ်ပထမ ၃လမှာတက်ရိပ်ပြနေပေမယ့်လည်း တကယ် တမ်းမှာ မတည်ငြိမ်သေးကြောင်း သိရပါ တယ်။ ဒုတိယ ၃ လပတ်မှာ ဝယ်လိုအား နှေးကွေးနေပြီး  ရလဒ်က  ဈေးကွက်မှာ အနုတ်လက္ခဏာသာ  ဆောင်နိုင်ကြောင်း သုံးသပ်ကြတယ်လု့ိ သတင်းရရှိပါတယ်။  Source: Business LineK.Z.W