Main menu

Background

အိန္ဒိယအစိုးရက ဝါဂွမ်းပြည်ပတင်ပို့မှု မှတ်ပုံတင်ခြင်းနဲ့ပတ်သက်လို့ ပိတ်ပင်ထားခြင်းကိုပြန်လည်ခွင့်ပြု

Tue, 05/15/2012 - 08:24 -- Anonymous (not verified)

          အိန္ဒိယအစိုးရက ဝါဂွမ်းတင်ပို့ဖို့အတွက် စိတ်ဝင်စားတဲ့ တင်ပို့သူများမှ မှတ်ပုံတင်အသစ်များ ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ပြည်ပတင်ပို့ဖို့ ကိုတာကိုတော့ သတ်မှတ်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ ပြည်ပတင်ပို့နိုင်ရေး မှတ်ပုံတင်အသစ်လုပ်ဖို့ ရပ်ဆိုင်းတာကို ပြန်ခွင့်ပြုခဲ့ပြီး၊ ပြည်ပကုန်သွယ်ရေး ညွှန်ကြားရေးမှူးချုပ်(DGPT)  မှ လိုအပ်တဲ့လုပ်ငန်းစဉ်များ ဆောင်ရွက်သွားမယ်လို့ ကူးသန်းရောင်း ဝယ်ရေးနှင့် စက်မှုလက်မှုဝန်ကြီး Mr Anand  Sharma  မှ ပြောကြားပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ဘဏ္ဍာရေးဝန်ကြီး၊ စိုက်ပျိုးရေးဝန်ကြီးနဲ့ ဝန်ကြီးချုပ်ရဲ့ စီးပွားရေးအကြံပေးကောင်စီဥက္ကဋ္ဌတို့က ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ဝါဂွမ်းပြည်တွင်းလိုအပ်ချက် ပြည့်မီစွာရှိနေပါတယ်။ အထည်အလိပ်ကဏ္ဍကနေ နိုင်ငံအတွင်းလူဦးရေ သန်းပေါင်း ၁၀၅ သန်းအတွက် တိုက်ရိုက်ရော သွယ်ဝိုက်ပြီးတော့ပါ အလုပ်အကိုင်တွေပေးနေပါတယ်။ လက်ချုပ်ကဏ္ဍကလည်း ပြည်သူများစွာအတွက် အလုပ်အကိုင်ပေး တယ်လို့ အကြံပေးကောင်စီဥက္ကဋ္ဌ Mr Sharma   မှ ပြောကြားပါတယ်။ဝါဂွမ်းကော်ပိုရေးရှင်းကို ၂၀၁၂ ဇွန်၊ ဇူလိုင်လနဲ့ သြဂုတ်လများအတွင်း အရေးပေါ်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ဝါဂွမ်းဘေထုတ် တစ်ထုတ်ကို ၁၇၀ ကီလိုစီပါဝင်တဲ့ ဘေထုတ် ၁၀ သိန်းသိုလှောင်ဖို့လည်း ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်လက အစိုးရမှ ပြည်ပတင်ပို့မှု ပိတ်ထားခြင်းကို ပြန်ခွင့်ပြုခဲ့ပေမယ့် မှတ်ပုံတင်အသစ် အသိအမှတ်ပြု   (R Cs) လက်မှတ်ကိုမထုတ်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ပတင်ပို့မှု ပိတ်ပင်ခဲ့တဲ့ မတ်လ ၅ ရက်မတိုင်မီထုတ်ပေးထားတဲ့  (R Cs)  များအတွက်က ပြည်ပတင်ပို့ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ အစိုးရအနေနဲ့ ဝါဂွမ်းပြည်ပတင်ပို့မှုနဲ့ပတ်သက်လို့ ပမာဏအမြင့်ဆုံး သတ်မှတ်မှုတွေမလုပ်ပေမယ့် နှစ်ပတ်တစ်ကြိမ်မှာတော့ အခြေအနေကို ပြန်သုံးသပ် သွားမယ်လို့ Mr  Sharma   မှ ဆိုပါတယ်။စိုက်ပျိုးရေးဝန်ကြီးဌာနနဲ့ အထည်အလိပ်ဝန်ကြီးဌာနအောက်မှာရှိတဲ့ ဝါဂွမ်းအကြံပေးအဖွဲ့တို့မှ ဝါထွက်ရှိမှု ခန့်မှန်းချက်ကို မြှင့်တင်ပြီး နောက် ပြည်ပတင်ပို့ဖို့ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ စက်တင်ဘာလမှာ ကုန်ဆုံးတဲ့ ၂၀၁၁-၁၂ ရာသီအတွက် ဝါထွက်ရှိမှုကို ဘေထုတ် ၃၅ ဒသမ ၂ သန်းအထိ စိုက်ပျိုးရေးဝန်ကြီးဌာနမှ ခန့်မှန်းခဲ့ပြီး၊ ဝါဂွမ်းအကြံပေးအဖွဲ့က ဘေထုတ်ပေါင်း ၃၄ ဒသမ ၇ သန်းခန့်ထွက်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ယခင်နှစ်က တောင်သူများဟာ ဝါဘေထုတ်ပေါင်း ၃၃ ဒသမ ၉ သန်းခန့်ထုတ်လုပ်ခဲ့ပြီး ပြည်ပကို ဘေထုတ်ပေါင်း  ၇ ဒသမ ၈ သန်း တင်ပို့ခဲ့ပါတယ်။ယခုရာသီအတွင်း လက်ရှိအချိန်ထိ ဘေထုတ် ၁၁ ဒသမ ၅ သန်း တင်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ မတ် ၅ ရက်မှာ အစိုးရက ဈေးကွက်အတွင်း စုစုပေါင်းဝင်ရောက်မှုရဲ့ စုစုပေါင်းဘေထုတ် ၁၂ သန်းထိတင်ပို့ဖို့ မှတ်ပုံတင်ပြီးနောက် ပြည်ပတင်ပို့မှုကို ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မကြာမီ အစိုးရက ပြည်လည်စစ်ဆေးပြီးတဲ့နောက် မှတ်ပုံတင်ထားပြီးစာချုပ်ထားသူများကို ပြည်ပတင်ပို့ခွင့် ပြုခြင်း ဖြင့် ဖြေလျော့ပေးခဲ့ပါတယ်။ယမင်းခင်၊  Source: hindubusiness