မန္တလေး ကားဈေးကွက်တွင် သြင်္ကန်ပြီး ကာလမှစပြီး အရောင်း အဝယ်အေးလျက်ရှိကြောင်း သိရပါ တယ်။ကားဈေးနှုန်းကလည်း အေးနေ တယ်။ ကျောင်းတွေဖွင့်ကာနီး ဇွန်လ ထဲမှာပဲ အရောင်းအဝယ် ပြန်ကောင်း နိုင်တယ်။ ဈေးကွက်မှာ အရောင်း အဝယ်အေးနေတော့ ရောင်းချရင် ဈေး လျှော့ရောင်းမှ မြန်မြန်ထွက်နိုင်တယ်။ ဈေးနှုန်းပုံသေတွက်လို့ မရဘူးပေါ့။ ရှေ့မှာကားဈေးနှုန်းက တက်စရာလဲမရှိ၊ ကျစရာလဲမရှိဘူး။ကားပါမစ်က "ပ" အက္ခရာပြီးရင် ပါမစ်ရပ်ပြီလို့ သတင်း ထွက်နေတဲ့အတွက် အပ်နှံကားတွေ ဈေးနည်းနည်းလိုက်လာတယ်။ရှေ့ဆက် ပြီး ကားပါမစ်ရပ်သွားလဲ ကားဈေးနှုန်း က တက်နိုင်ခြေမရှိပါဘူး။ သွင်းနေတဲ့ ကားတွေလည်း အင်ဂျင်ပါဝါ ၁၀၀၀ စီစီ အောက်ဆို ၃၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင် နှုန်း အခွန်ဆောင်ရတယ်။ ပါမစ်ရပ် လည်း အခြားနည်းလမ်းတွေနဲ့ ဝင်လာ နိုင်တဲ့အတွက် ကားဈေးက မတက် နိုင်ဘူး။ အင်ဂျင်ပါဝါ အကြီး အသေး ပေါ်မူတည်ပြီးတော့ ဈေးနှုန်းတော့ အပြောင်းအလဲရှိတာပေါ့"လို့ လမ်း ၆၀ မော်တော်ယာဉ်ရောင်းဝယ်ရေးမှ ဝါရင့် ဝယ်ရောင်းဖြစ်တဲ့ ဦးဝင်းမြင့်ဦးက ပြော ပါတယ်။ကားဈေးကွက်မှာ သြင်္ကန်ပြီး ၁၀ ရက်နောက်ပိုင်း ပုံမှန်တန်းနဲ့ ဈေးအေး နေပါတယ်။ ကားပါမစ် ရပ်သွားပါက အခြားနည်းလမ်းနဲ့ ကားများဝင်နေပြီး၊ ကားဈေးနှုန်းမှာ ယခုထက် တက်နိုင်ခြေ မရှိကြောင်း၊ ကားဝယ်ရောင်းသမားများ မှ သုံးသပ်ကြပါတယ်။ မန္တလေးမြို့သို့ ချယ်ရီဝက်ဂွန် ကားအရောင်းပြခန်းဖွင့် လှစ်ဖို့ ပြင်ဆင်လျက်ရှိကြောင်းလည်း သတင်း ထွက်ပေါ်လျက်ရှိပါတယ်။ အပ်ကားဈေးနှုန်းများမှာ ကျပ်သိန်း ၁၄၀ - ၁၄၅ နဲ့ အရောင်းအဝယ်ရှိပြီး၊ ကားသန့်များမှာ ယခင်ဈေးနှုန်းထက် ကျပ် ၁၀ သိန်း၊ ၁၅ သိန်းဝန်းကျင်ဈေး လျှော့ရောင်းလာကြောင်း သိရပါတယ်။ဇူးဇူး
Background