Main menu

Background

KOREA မိတ်ဆက်

Tue, 05/15/2012 - 09:08 -- Anonymous (not verified)

ကိုရီးယားနိုင်ငံ Charles International Overseas Marketing Co,Lt  မှ နေ့စဉ်သုံး ကုန်ပစ္စည်းများဖြစ်သော ဖျော်ရည်ဖျော်စက်၊ အကြော်ဒယ်အိုးနှင့် ဟင်းရည်ချက်သည့်အိုး၊ အိပ်ခန်းသုံးပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်ကုန် ပစ္စည်းများနှင့် အသင့်စားသုံးနိုင်သည့် စားသောက်ကုန်များကို ထုတ်လုပ်ရောင်းချလျက်ရှိပါ သည်။အဆိုပါကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ဈေးကွက်ချဲ့ထွင်ရန်နှင့် မြန်မာနိုင်ငံရှိ ကုမ္ပဏီများ နှင့် ပူးပေါင်းဆောင်ရွက်လိုပါသဖြင့် ဆက်သွယ်စုံစမ်းမေးမြန်းလာပါသည်။ ၎င်းတို့ကုမ္ပဏီမှ ထုတ်လုပ်ရောင်းချလျက်ရှိသည့် ကုန်ပစ္စည်းများအား မြန်မာနိုင်ငံရှိ Customer များ အသုံးပြု နိုင်ရန် သင့်လျော်သော ဈေးနှုန်းများဖြင့် ရောင်းချပေးလိုကြောင်းလည်းကမ်းလှမ်းလာပါသည်။အဆိုပါကုမ္ပဏီနှင့် ဆက်သွယ်ရန် စိတ်ပါဝင်စားသည့် ကုမ္ပဏီများအနေဖြင့်  အပြည် ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဌာနခွဲ၊ ကုန်စည်ပြပွဲဌာနစိတ်၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ဖုန်းအမှတ်-၀၆၇-၄၀၈၄၁၁။ ဖက်စ်အမှတ် ၀၆၇-၄၀၈၃၁၁ နှင့် moctradefair@gmail.com  သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ခိုင်ကြည်သာ