နိုင်ငံတော်အစိုးရအနေနဲ့ သန့်ရှင်းသောအစိုးရနဲ့ ကောင်းမွန်သောအုပ်ချုပ်မှုစနစ် အကောင်အထည် ဖော်ခြင်းကို ဝန်ထမ်းများအနေနဲ့ လိုက်နာဆောင်ရွက်သွားကြမှာဖြစ်ကြောင်း၊ ကုန်သွယ်မှုဆိုင်ရာ အခက် အခဲရှိပါက အချိန်မရွေးကူညီဖြေရှင်းပေးမှာဖြစ်ကြောင်းနဲ့ ကုမ္ပဏီလုပ်ငန်းရှင်များကလည်း တရားမဝင် ကုန်သွယ်မှုများ ပပျောက်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် တမူး နယ်စပ်ကုန်သွယ်ရေးညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးက ဧပြီ ၂၂ ရက်က တမူးနယ်စပ်ကုန်သွယ်ရေးညွှန်ကြားရေးမှူးရုံးမှာပြုလုပ်တဲ့ ကုန်သွယ်မှု မြှင့်တင်ရေးအစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အစည်းအဝေးမှာ စခန်းတာဝန်ခံ ဦးဇော်လွင်ဦးက နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနအနေနဲ့ ပို့ကုန် သွင်းကုန်လိုင်စင်ထုတ်ပေးခြင်း၊ ကုန်သွယ်မှုမြှင့်တင်ရေးဆောင်ရွက်ပေးခြင်းနဲ့ တစ်ဖက်နိုင်ငံနဲ့ ကုန်သွယ်မှု ဆိုင်ရာ ညှိနှိုင်းတဲ့တာဝန်များကို ဆောင်ရွက်ပေးနေတယ်လု့ိလည်း ဆက်လက်ပြောကြားပါတယ်။ ကလေး-တမူး-ကလေးဝကုန်သည်အသင်းဥက္ကဌ ဦးလှမောင်က နိုင်ငံတော်မှ ပို့ကုန်အပေါ် ကုန် သွယ်လုပ်ငန်းခွန်များအား အဆင့်ဆင့် လျှော့ချပေးနေကြောင်း၊ သွင်းကုန်ပိုင်းတွင်လည်း ကုန်သွယ်ခွန် မကောက်ခံတော့ဘဲ ဝင်ငွေခွန်ကို လုပ်ငန်းရှင်များနဲ့ ဝန်ထမ်းများထံမှ ကောက်ခံနေကြောင်း၊ မကြာမီကာ လအတွင်းမှာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း Individual Trading Card များ ထုတ်ပေးရန်စီစဉ်နေပြီဖြစ်ကြောင်း၊ နိုင်ငံတော်မှ ဖြေလျော့မှုပေးနေပြီး ကုန်သည်လုပ်ငန်းရှင်များ အား တရားမဝင်ကုန်သွယ်မှုမှ တရားဝင်ကုန်သွယ်မှုသို့ ရောက်ရှိစေရေး လမ်းကြောင်းတည့်မတ်ပေးနေ ကြောင်း၊ ကုန်သည်လုပ်ငန်းရှင်များအကျိုးရှိမှ နိုင်ငံတော် အကျိုးရှိမှာဖြစ်ကြောင်း၊ မှန်ကန်သောလမ်း ကြောင်းမှ ကုန်သွယ်မှုပြုကြရန်၊ ကုန်သည်အသင်းချုပ်တွင်လည်း ဗဟိုအလုပ်မှုဆောင်တာဝန် ထမ်း ဆောင်နေတဲ့အတွက် ကုန်သွယ်မှုနဲ့ပတ်သက်ပြီး ဆွေးနွေးနိုင်ကြောင်း၊ ဆက်လက်တင်ပြပေးမယ်လို့ ပြောကြားခဲ့ပါတယ်။ ဥပမာအားဖြင့် တမူး နယ်စပ်ကုန်သွယ်ရေးစခန်းအား ဂျုံ၊ သကြားတင်သွင်းခွင့် ပြုမယ်ဆိုလျှင် သွင်းကုန်တိုးတက်လာနိုင်ပြီး ကုန်သွယ်မှုပမာဏလည်း တက်လာနိုင်မှာဖြစ်တယ်၊ တမူး နယ်စပ်ကုန်သွယ်ရေးမှ တင်ပြပေးရန်နဲ့ မိမိကိုယ်တိုင်လည်း ဝန်ကြီးဌာနသို့ ဆက်လက်တင်ပြပေးသွားမယ် လည်း ပြောကြားခဲ့ပါတယ်။ MIRT (DOBT)
Background