ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ယခုနှစ်သရက်သီးရာသီမှာ ထွက်ရှိလာမယ့် သရက်သီးများ မလေးရှားဈေးကွက်ကို တင်ပို့ရောင်းချနိုင်ရေးအတွက် ဆွေးနွေးပွဲ ကို ၂၀၁၂ ခုနှစ် မေ ၂ ရက် နံနက် ၁၀ နာရီမှာ ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး TPIS ရုံးခန်းမှာ ကျင်းပပြု လုပ်ခဲ့ပါတယ်။ဆွေးနွေးပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း)သစ်သီးဝလံအသင်း SSFVP ဥက္ကဋ္ဌ ဦးစိုးသိန်းနဲ့အတူ သရက်ဇုန်၊ အာလူးဇုန်၊ ခရမ်းချဉ်သီးဇုန်များမှ တောင်သူ၊ ခြံရှင် ၃၀ ဦး၊ ရန်ကုန် ခင်သန်းရတနာကုမ္ပဏီမှ ဒေါ်ခင်သန်း၊ မလေးရှားနိုင်ငံ H MIH HOLDIN ကုမ္ပဏီမှ Mr. IKHBAL HAMZAH တို့ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။ဆွေးနွေးပွဲမှာ ယခုနှစ်ထွက်ရှိလာမယ့် စိန်တလုံးသရက်သီး ၁၀ တန်ကို မလေးရှားဈေးကွက်ကို စတင်ပြီး တင်ပို့ရောင်းချမှာဖြစ်ကြောင်း၊ သရက်သီးထွက် ရှိမှု၊ အရည်အသွေးကောင်းမွန်မှု၊ ဈေးကွက်လိုအပ်မှု အခြေအနေများပေါ်မူတည်ပြီး ထပ်မံတင်ပို့နိုင်ဖို့ စီစဉ်ထားကြောင်း၊ အခြားသီးနှံများဖြစ်တဲ့ ခရမ်းချဉ်သီး၊ အာလူး၊ ချင်း၊ နနွင်းများကိုလည်း တင်ပို့ရောင်းချနိုင်ရေးကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါတယ်။ ခွန်ကျော်ဌေး-တောင်ကြီး
Background
