Main menu

Background

တိရစ္ဆာန်အစာ ပဲဖတ်၊ နှမ်းဖတ်၊ ပန်းနှမ်းဖတ်၊ နေကြာဖတ်များတွင် ရောနှောရောင်းချတဲ့ လုပ်ငန်းရှင်များရှိနေ

Tue, 05/15/2012 - 09:13 -- Anonymous (not verified)

လူစားသုံးတဲ့   အစာမှာသာမက တိရစ္ဆာန်အစာဖြစ်တဲ့ ပဲဖတ်၊ နှမ်းဖတ်၊ ပန်းနှမ်းဖတ်၊ နေကြာဖတ်များမှာလည်း ရောနှောရောင်းချမှု   ကြီးထွားလာ ကြောင်း မန္တလေးမြို့ပဲဖတ်အဝယ်တော် များထံမှ သိရပါတယ်။"လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်း ကစပြီး ပဲဖတ်၊ နှမ်းဖတ်တွေမှာ ရော နှောလာလို့ ဝယ်ယူရေးမှာ ပြဿနာ ဖြစ်တယ်။ ဒီနှစ်က  တော်တော်လေး ဆိုးဝါးလာပြီ။  ဈေးအနည်းဆုံးဖြစ်တဲ့ ပန်းနှမ်းဖတ်မှာပါ  ရောနှောလာတာ တွေ့ရပါတယ်။ နယ် ၃ နယ်က လုံးလုံး လျားလျား  ဝယ်ယူလို့မရတဲ့ အနေ အထားဖြစ်နေတယ်။ စက်ပိုင်ကြီးတွေ ကိုယ်တိုင်က ဆီမှာသာမက အဖတ်မှာ ပါ ရောနှောလာကြတယ်။ တိရစ္ဆာန်တွေ မှာက ရွေးချယ်စရာမရှိပါဘူး။ လူတွေ ကျွေးတာပဲ စားရတာပါ။ ဝယ်တဲ့သူရှိ သလို ရောင်းတဲ့သူရှိနေတော့ ဝိုင်းဝန်း ပြီးစစ်ဆေးဖို့  တိုက်တွန်းလိုပါတယ်။ ခုချိန်က ဒီလုပ်ငန်းလုပ်တဲ့သူတွေဟာ ၁၀ ဦးမှာ ကိုးဦးက မြန်မာလူမျိုးတွေ ဖြစ်ပါတယ်။ အရင်က သိက္ခာသမာဓိရှိ ပါတယ်ဆိုတဲ့သူတွေတောင် ယိမ်းယိုင် ချင်လာပြီ။ တဖြည်းဖြည်းနဲ့ ဆီစက် လုပ်ငန်းတွေ ထိခိုက်မှာ  စိုးရပါတယ်။ ဈေးကွက်ထဲမှာ ပဲဖတ်ကို အဓိကရော နှောတာတွေ့ရပါတယ်"လို့ ပဲ၊ နှမ်းဖတ် အဝယ်တော်ကြီး  တစ်ဦးက  ပြောပါ တယ်။ပဲဖတ်၊ နှမ်းဖတ်များ  ရောနှောမှု အများဆုံးမှ မကွေး၊ မိတ္ထီလာ၊ မုံရွာ နယ်ဘက်မှ  အများဆုံးရောနှောတာ တွေ့ရပြီး၊ ကိုယ်ပိုင် အစာဝယ်ကြသူ များထိခိုက်မှုရှိကြောင်း၊ တိရစ္ဆာန်များ အတွက်    ပရိုတင်းဓာတ်မပြည့်ဝလို့ အကောင်ပေါက်ဖွားနှုန်း၊ ဥအုနှုန်း ကျ ဆင်းပြီး၊ အသားအလေးချိန် လျော့ကျ ခြင်းများဖြစ်လာကြောင်း သိရပါတယ်။ ယခုနှစ်ပိုင်းမှာ မွေးမြူရေးကဏ္ဍ မြင့် လာခြင်း၊ စားသုံးမှု မြင့်လာတာနဲ့အမျှ ပဲဖတ်၊ နှမ်းဖတ်ဈေးနှုန်း မြင့်လာခြင်း ကြောင့် ရောနှောရောင်းချမှု ပိုများ လာကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး  ဆီကုန် သည်များနဲ့ ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌမှ "ပြည်တွင်းက ကုန်ကြမ်းပိုလျှံ မှ ပြည်ပတင်ပို့ရတယ်။ ပြည်တွင်းမှာ ထုတ်တဲ့ဆီကလည်း  စားအုန်းဆီနဲ့ မယှဉ်နိုင်ဘူး။ ပဲဆီကြိတ်ရင် ဆီက ၄၀ ရာခိုင်နှုန်းရပြီး၊ ပဲဖတ်က ၅၀ ရာခိုင်နှုန်း၊ ၆၀ ရာခိုင်နှုန်းရတယ်။ ကြိတ်ရင် ကြိတ် သလိုအဖတ်ရနိုင်တယ်။ ဆီကြိတ်ဖတ် တွေကို ဈေးပေါတဲ့တခြားပစ္စည်းတွေနဲ့ ရောကြိတ်တယ်ဆိုတာလဲ  သိရတယ်။ တိရစ္ဆာန်ဘေးဖြစ်မယ့်ဟာကို  ထည့် ကြိတ်ရင် ဘေးဖြစ်မယ်ဆိုတာကို  သိ သင့်တယ်။အခု တိရစ္ဆာန်အစာအတွက် စစ်ဆေးမယ့် ကိရိယာတွေရှိနေပါပြီ။ အစာမှာ အရောအနှော ဘယ်လောက် ရှိပြီဆိုတာသိရပါပြီ။ အစာထုတ်ကုမ္ပဏီ တွေကလည်း   သူတို့အကျိုးစီးပွား အတွက် စစ်ဆေးပြီးမှ  ဝယ်ယူမှုရှိပါ တယ်။ ဆီကြိတ်ဖတ် အခန်းကဏ္ဍက သိပ်တော့မကြီးဘူးပေါ့။  အခုချိန်မှာ အဖတ်ရတဲ့နှုန်းက မလောက်ငတဲ့အနေ အထားဖြစ်တယ်။ ဝယ်တဲ့သူကလည်း မျှတပြီး ရောင်းရပါတယ်"လို့ ပြောပါ တယ်။ဆီကြိတ်ဖတ်များ ရောနှောရာမှာ ပဲဖတ်၊ ဖွဲ၊ နှမ်းဖတ်နဲ့ ချဉ်ပေါင်စေ့ဖတ်၊ မုန်ညင်းဖတ်၊ ပဲတီစိမ်းခွံ၊ ပန်းနှမ်းဖတ် နဲ့ နေကြာဖတ်များ ရောနှောကြိတ်နေ ကြောင်းသိရပါတယ်။ ပဲဖတ်တစ်ပိဿာ ကို ၈၀၀ ကျပ်ရောင်းမှ တွက်ခြေကိုက် မှာဖြစ်သော်လည်း  ဈေးကွက်ထဲမှာ တစ်ပိဿာ ၁၅၅ ကျပ်မှ ၈၅၀ ကျပ် ကြားနဲ့ ရောင်းချမှုများရှိကြောင်း၊ ဖွဲဈေး မှာ ၂၅၀ ကျပ်၊ ၂၆၀ ကျပ်သာရှိလို့ ဈေးနည်းတဲ့  ဖွဲနဲ့ရောပြီး ကြိတ်နေ ကြောင်း သိရပါတယ်။             ဇူးဇူး