Main menu

Background

ရက်သတ္တပတ် စီးပွားရေး သတင်းတိုများ

Tue, 05/15/2012 - 09:15 -- Anonymous (not verified)

မွန်ဘိုင်း    အိန္ဒိယကုမ္ပဏီတွေ ဆောင် ရွက်နေတဲ့ ပင်လယ်ရပ်ခြား ရင်းနှီး မြှုပ်နှံ မှုတွေက မတ်လက ဒေါ်လာ ၂ ဒသမ ၇၇ ဘီလီယံ  ရှိခဲ့ရာမှ ဧပြီလတွင် ဒေါ်လာ ၂ ဒသမ ၆၇ သို့ကျဆင်းခဲ့ကြောင်း အိန္ဒိယဗဟို ဘဏ်က မေ ၃ ရက်က ပြောပါ တယ်။ ရှယ်ယာတွေမှာ ရင်းနှီးမြှုပ် နှံမှု က မတ်လမှာဒေါ်လာ  ၅၄၅ ဒသမ ၇၇ သန်းရှိရာမှ ဧပြီမှာ ဒေါ် လာ ၅၉၆ ဒသမ ၃၃ သန်းရှိခဲ့ပါ တယ်။ချေးငွေနှစ်ရပ်ပေါင်းရင် ပြည်ပ ထွက်ငွေကို ရမှာဖြစ်ပါတယ်။Sources.PTIပေကျင်း    တရုတ်ယွမ်ငွေရဲ့ ဖလှယ်နှုန်းက ချိန်သားမျှခြေညီတဲ့ အဆင့်ရှိနေပြီး တစ်ခါတစ်လေမှာမြင့်တက်နေသေး ကြောင်း တရုတ်နိုင်ငံ သတင်းစာ  People Daily  သတင်းစာမှာဖော်ပြ ထားပါတယ်။ တရုတ်နိုင်ငံနဲ့ အမေ ရိကန်နိုင်ငံတို့ အကြားမှာ ရှိနေတဲ့ လုပ်အားရဲ့ ထုတ်လုပ်နိုင်စွမ်းအားနဲ့ လုပ်ငန်း လည်ပတ်စရိတ်တွေအရ ယွမ်နဲ့ဒေါ်လာတို့ရဲ့  ဖလှယ်နှုန်းက ကြောင်းကျိုး ညီညွှတ်မှု ရှိတယ်လို့ သတင်းစာမှာ ဖော်ပြထားပါတယ်။အမေရိကန်က ယွမ်တန်ဖိုး ခိုင်မာ အောင် ငွေကြေးမူဝါဒကို ပိုမိုပြောင်း လွယ်ပြင်လွယ်ဖြစ်အောင်  လုပ်ဖို့ အကြိမ်ကြိမ် ပြောကြားလျက် ရှိပါ တယ်။     Sources.reuters.comဟနွိုင်း    ဗီယက်နမ်နိုင်ငံရဲ့ မြို့ပြနဲ့ စက်မှု ဇုန် တွေရဲ့ စီးပွားရေး အခြေခံ အဆောက်အအုံနဲ့တက္ကသိုလ်တွေကို ဒေသဆိုင်ရာ အဆင့်မှာ ပိုမိုပေါင်းစပ် ညှိနှိုင်းမှုရှိတဲ့ ပုံစံနဲ့ ဆောင်ရွက်သွားဖို့ လိုကြောင်း ကမ္ဘာ့စီးပွားရေးနဲ့နိုင်ငံရေး သိပ္ပံရဲ့ညွှန်ကြားရေးမှူးချုပ်ဟောင်း ဗိုဒိုင်လောက်ကပြောပါတယ်။ စီးပွား ရေးအရ အားသာချက်တွေ  ပေးနိုင် ပြီး အကျိုးအမြတ်ပြန်ရဖို့ အလား အလာရှိတဲ့ နယ်ပယ်တွေကို အာရုံ စိုက်ပြီး အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ကို ပိုမိုအလေးပေး ဆောင်ရွက်သင့် တယ်လို့ ဟနွိုင်းမှာကျင်းပတဲ့ အများ ပြည်သူရင်းနှီးမြှုပ်နှံမှုပြန်လည်ဆောက် လုပ်ရေးဆွေးနွေးပွဲမှာပြောပါတယ်။Sources.VNSဘန်ကောက်    ၂၀၁၅ ခုနှစ်မှာ အာဆီယံစီးပွား ရေးအသိုက်အဝန်းကို စတင်တဲ့အခါ ထိုင်းနိုင်ငံရဲ့ လုပ်သားအင်အားစုက ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရ လိမ့်မယ်လို့ ခရီးသွားလုပ်ငန်းကျွမ်း ကျင်သူတွေကပြောပါတယ်။အာဆီ ယံ အဖွဲ့ဝင်နိုင်ငံများက တစ်နိုင်ငံချင်း အလိုက် ကျွမ်းကျင်တဲ့လုပ်သားအင် အားစုတွေ ရှိနေပေမဲ့ အာဆီယံ ၁၀ နိုင်ငံစလုံးအတွက် စိန်ခေါ်မှုတွေ ရှိ နိုင်ကြောင်း သို့သော် ရေရှည်တွင်မူ ကျွမ်းကျင်မှုများ တိုးတက်လာနိုင် ကြောင်း ပြောကြပါတယ်။Sources.TTR weekly .com