Main menu

Background

ချင်းမိုင်အစီအစဉ်အရ ရန်ပုံငွေကို ဒေါ်လာဘီလီယံ ၂၄၀ ထိ ထားဖို့ သဘောတူ

Tue, 05/15/2012 - 09:17 -- Anonymous (not verified)

    အရှေ့တောင်အာရှ နိုင်ငံသား များနဲ့ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီး ယားနိုင်ငံတို့က ငွေဖြစ်လွယ်မှု အကျပ် အတည်းကိုအကူအညီပေးမဲ့ ဒေါ်လာ ၂၄၀ ဘီလီယံ ရန်ပုံငွေရရှိဖို့အတွက် ဒေသတွင်း ငွေကြေးရန်ပုံငွေကို နှစ်ဆ တိုးမြှင့်ဖို့သဘောတူညီခဲ့ကြတယ်လို့ မေ ၂ ရက်က ထုတ်ပြန်တဲ့ ပူးတွဲကြေညာ ချက် မူကြမ်းမှာ ဖော်ပြထားပါတယ်။ အာဆီယံ+၃ လို့ အများက သိထားတဲ့ အဖွဲ့မှ ဘဏ္ဍာရေးဝန်ကြီးများနဲ့ ဗဟို ဘဏ် အုပ်ချုပ်ရေးမှူးများက ချင်းမိုင် အစီအစဉ်အရ ဆောင်ရွက်မဲ့ဒေါ်လာ ၁၂၀ ဘီလီယံရန်ပုံငွေ အရွယ်အစားတိုး မြှင့်ရေးကိစ္စအတွက် ပူးတွဲ ကြေညာ ချက်ကို မေ ၃ ရက်မှာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။    ထို့နည်းအတူ အပြည်ပြည်ဆိုင်ရာ ငွေကြးရန်ပုံငွေအဖွဲ့မှ သီးခြားတည်ရှိနေ တဲ့ ရန်ပုံငွေရဲ့ အချိုးအစားကိုလည်း ယခုနှစ်မှာ ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့် ပြီး ၂၀၁၄ ခုနှစ်မှာ ၄၀ ရာခိုင်နှုန်းထိ ထပ်မံ တိုးမြှင့်သွားဖို့အဖွဲ့က သဘောတူ ထားပါတယ်။ ယူရိုဇုန် ကြွေးမြီအကျပ် အတည်းမှဂယက်ရိုက်ခတ်မှုကို လျော့ လာတဲ့အတွက် ယခုနှစ် ယခုချိန်ထိ ဒေသတွင်းရဲ့ စီးပွားရေးက ပုံမှန်တိုး တက်လာချိန်မှာ အာဆီယံ+၃ သဘော တူညီချက်ကိုရခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အာဆီယံ+၃ အုပ်စုက ကမ္ဘာ့ စီးပွားရေးအလားအလာ မရေရာမှု အတွက် စိုးရိမ်မှုတွေ ရှိနေဆဲဖြစ်ပြီး ချင်းမိုင် အစီအစဉ်ကို နှစ်ဆတိုးရတဲ့ ရည်ရွယ်ချက်ကဒေသတွင်း ဘဏ္ဍာရေး လုံခြုံမှုကွန်ရက်ကို တိုးချဲ့ဖို့ဖြစ်ပါတယ်။Source.dowjones.com