Main menu

Background

အရှေ့တောင်အာရှ ပို့ကုန်တိုးချဲ့ဖို့ ထိုင်းနိုင်ငံမှာ ဖို့ဒ်ကုမ္ပဏီက စက်ရုံဖွင့်

Tue, 05/15/2012 - 09:17 -- Anonymous (not verified)

    ဖို့ဒ်မော်တာကုမ္ပဏီက ထိုင်းနိုင်ငံမှာဒေါ်လာသန်း ၄၅၀ ရင်းနှီးမြှုပ်နှံတဲ့ စက်ရုံကိုဖွင့်လှစ်ခဲ့ပါတယ်။ ဒီစက်ရုံက နှစ်စဉ်ကားစီးရေ ၁၅၀၀၀၀ ကိုထုတ် လုပ်မှာ ဖြစ်ပြီး မြင့်မားလျက်ရှိတဲ့ အိမ်နီးချင်းတွေရဲ့ ဝယ်လိုအားကို ဖြည့်ဆည်း သွားမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ ရနောင်းစက်ရုံကနေ ဖိုးကပ် ကားသစ်တွေကို လာမဲ့လကစပြီးထုတ်လုပ်သွားမယ်လို့ မေ ၂ ရက်ကထုတ်ပြန် တဲ့ ကုမ္ပဏီကြေညာချက်မှာ ဖော်ပြထားပါတယ်။ ၂၀၁၅ ခုနှစ်မှာ ကုမ္ပဏီရဲ့ တစ်ကမ္ဘာလုံးအရောင်းကို စီးရေရှစ်သန်းအထိ တိုးမြှင့်ဖို့ ရည်မှန်းထားပြီး ၂၀၂၀ ပြည့်နှစ်မှာ ကမ္ဘာ့ရောင်းချမှုရဲ့ သုံးပုံတစ်ပုံကို အာရှမှာဖြန့်ဖြူးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှ နှစ်စဉ်ထုတ်လုပ်မှုကို စီးရေ ၄၄၅၀၀၀ ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။ ပြိုင်ဖက်တွေဖြစ်တဲ့ တိုယိုတာမော်တာ ကော်ပိုရေးရှင်းနဲ့ ဗောက်စ်ဝက်ဂင်တို့ကို အပြိုင်နွှဲနိုင်အောင် အာဆီယံ၊ နယူး ဇီလန်နဲ့ သြစတြေး လျနိုင်ငံတွေမှာ ထုတ်လုပ်မှု မြှင့်တင်နိုင်အောင် ရနောင်း စက်ရုံက ကား မော်ဒယ်လ် ခြောက်မျိုး ထုတ်လုပ်မှာဖြစ်ပါတယ်။    စက်ရုံထုတ်လုပ်တဲ့ ကားတွေကို အာဆီယံ၊ သြစတြေးလျနဲ့ နယူးဇီလန် နိုင်ငံတွေကို တင်ပို့မယ်လို့ ဖို့ဒ်အာရှပစိဖိတ်နဲ့အာဖရိကဌာနခွဲရဲ့ ဥက္ကဌ ဂျိုး ဟင်းရစ်ချ်က တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာပြောပါတယ်။ ၂၀၁၅ ခုနှစ်မှာ ကုန် ဆုံးမယ့်စီမံကိန်းအရအာရှပစိဖိတ်နဲ့အာဖရိကမှာ စက်ရုံရှစ်ရုံတည်ဆောက်ဖို့ ရည်မှန်းထားတဲ့အနက် ရနောင်းစက်ရုံကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီဒေသကဖို့ဒ်ကုမ္ပဏီရဲ့ ပထမသုံးလပတ်ဝင်ငွေရဲ့ ၇ ဒသမ ၅ ရာခိုင်နှုန်းကိုရှာ ပေးခဲ့ကြောင်း ဘလွမ်းဘတ်က ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။    လာမဲ့နှစ်တွေမှာဖြစ်ပေါ်လာမဲ့ ဒီဒေသတွင်းက မော်တော်ယာဉ်ဝယ် လိုအား အကြီးအကျယ်တိုးတက်လာတာကို ဒီစက်ရုံက ဖြည့်ဆည်းပေးသွားနိုင် မှာ ဖြစ်ပါတယ်လို့ သူကပြောပါတယ်။ ဖို့ဒ်ကုမ္ပဏီရဲ့ ထုတ်လုပ်မှုက လွန်ခဲ့တဲ့ အောက်တိုဘာက ဖြစ်ခဲ့တဲ့ နှစ် ၇၀ အတွင်းအဆိုးဝါးဆုံးဖြစ်တဲ့ ရေလွှမ်းမိုးမှု ကြောင့် အထိနာခဲ့ရတယ်။ ဒေါ်လာသန်း ၈၀ ကျော်ဆုံးရှုံးခဲ့ရတယ်လို့ ဟင်းရစ်ချ်က ပြောပါတယ်။    နှစ်အလိုက်နှိုင်းယှဉ်ကြည့်ရင် ထိုင်းနိုင်ငံရဲ့ မော်တော်ကား စုစုပေါင်း ထုတ်လုပ်မှုက ယခင်နှစ်ကထက် ၁၁ ရာခိုင်နှုန်းပိုမိုပြီး စီးရေ ၁၉၀၉၃၅ စီး ရှိခဲ့ကြောင်း ထိုင်းစက်မှုလုပ်ငန်းများဖက်ဒရေးရှင်းရဲ့ ထုတ်ပြန်ချက်အရ တွေ့ရပါတယ်။ ဖို့ဒ်ရနောင်းစက်ရုံက အလုပ်အကိုင် ၁၁၀၀၀ ကိုဖန်တီးပေးနိုင် မှာ ဖြစ်တဲ့အနက် တိုက်ရိုက်အလုပ် ၂၂၀၀ နဲ့ ပစ္စည်းပေးသွင်းသူတွေနဲ့ ဝယ် ရောင်းသမားတွေဆီမှာ ၈၈၀၀ ကို ရနိုင်မှာဖြစ်ပါတယ်။Source.bloomberg.com