Main menu

Background

တောင်ကိုရီးယားဘဏ်များရဲ့ ပင်လယ်ရပ်ခြားလုပ်ငန်းများမှ ၂၀၁၁ ခုနှစ် အသားတင်အမြတ်နှစ်ဆတက်

Tue, 05/15/2012 - 09:19 -- Anonymous (not verified)

    ချေးငွေဆုံးရှုံးမှု လျော့ကျခြင်းနဲ့ အာမခံလုပ်ငန်း ဝင်ငွေများမြင့်တက် လာခြင်းတို့ကြောင့် မတိုင်မီနှစ်ကနဲ့ နှိုင်းယှဉ်ရင် ၂၀၁၁ ခုနှစ်မှာနှစ်ဆတက် လာခဲ့ကြောင်း ဘဏ္ဍာရေးကြီးကြပ်မှု အဖွဲ့ က မေ ၂ ရက်က ပြောပါတယ်။ တောင်ကိုရီးယားဘဏ်များက ဆောင် ရွက်နေတဲ့ ပင်လယ်ရပ်ခြားဘဏ်ခွဲ ၉၃ ခုရဲ့ အသားတင် ဝင်ငွေက ၂၀၁၁ ခုနှစ်မှာ ဒေါ်လာသန်း ၇၂၁ ဒသမ ၆ သန်းရှိခဲ့ရာ မတိုင်မီနှစ်ကထက် ၉၅ ဒသမ၅ရာခိုင်နှုန်းပိုမိုမြင့်တက်ခဲ့ကြောင်း ဘဏ္ဍာရေးကြီးကြပ်မှုအဖွဲ့(  FSS )  က ဆိုပါတယ်။    အသားတင်အမြတ်က ၂၀၀၇ ခုနှစ်က ဒေါ်လာ ၄၁၉ သန်းရှိခဲ့ရာမှ ဘဏ္ဍာရေး အကျပ်အတည်းအထွက် အထိပ်ရောက်ခဲ့တဲ့ ၂၀၀၉ ခုနှစ်မှာ ဒေါ်လာ ၂၈၆ သန်းသို့ ကျဆင်းခဲ့ပေမဲ့ ၂၀၁၀ ပြည့်နှစ်တွင် ပြန်လည်နာလန် ထူလာပြီး ၂၀၁၁ ခုနှစ်မှာ  အကျပ် အတည်းကြိုကာလအဆင့်သို့ ပြန်လည် ရောက်ရှိခဲ့ပါတယ်။ ကြွေးဆုံးလျာထား ချက်တွေက၂၀၁၁ ခုနှစ်မှာ နှစ်အလိုက် နှုန်းအရ ၆၈ ရာခိုင်နှုန်း ကျဆင်းပြီး ဒေါ်လာ၁၁၂ ဒသမ ၁ သန်းထိရောက် ရှိခဲ့သည်။ ဒါကြောင့် အခြေအနေ ပြန် လည် ဦးမော့လာတာကကြွေးဆုံး လျာ ထားချက် သိသိသာသာကျဆင်းလို့ ဖြစ် ကြောင်း  ကြီးကြပ်မှုအဖွဲ့က ပြောပါ တယ်။    အာမခံနဲ့ ဆက်နွှယ်နေတဲ့ဝင်ငွေ က မတိုင်မီနှစ်က ဒေါ်လာ ၁၁၆ သန်း အရှုံးပေါ်ခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် ဒေါ်လာ ၃၇ ဒသမ ၆ သန်းပြန်လည် အမြတ်ပေါ်ခဲ့တဲ့အတွက် ပြန်လည်ဦး မော့လာဖို့အတွက်  အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ ချေးငွေကုန်ကျစရိတ် နည်းတဲ့အတွက် ငွေထုတ်ချေးတဲ့ ဘဏ် ကို အကျိုးပိုမိုရှိစေတဲ့အတွက် အဓိက ပြု ငွေအရင်းအမြစ်ဖြစ်တဲ့ အတိုးရငွေ က ၂၀၁၁ ခုနှစ်တွင် ၄ ဒသမ ၃ ရာခိုင် နှုန်း မြင့်တက်ပြီး ဒေါ်လာ ၁ ဒသမ ၁၈ ဘီလီယံရှိခဲ့ပါတယ်။Source.xinhua