Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေး ရက်သတ္တပတ်

Tue, 05/15/2012 - 09:22 -- Anonymous (not verified)

    အမေရိကန် ပြည်ထောင်စုက ထုတ်ပြန်တဲ့စီးပွားရေးကိန်းဂဏန်းများ ကမျှော်လင့်ထားတာထက် ပိုမိုဆိုးဝါး နေပြီး ကမ္ဘာ့စီးပွားရေးနာလန်ထူမှုက အာရှဒေသရဲ့ ပို့ကုန်လုပ်ငန်းကိုအီလေး ဆွဲတုံ့ဆိုင်းစေလိမ့်မယ်ဆိုတဲ့ ပူပန်မှုကို ပိုမိုမြင့်မားလာစေခဲ့ပါတယ်။ဒါကြောင့် အာရှငွေကြေးတွေရဲ့တန်ဖိုးက တစ်လ အတွင်းအနိမ့်ဆုံးကို ထိုးကျခဲ့ပါတယ်။    အမေရိကန် ကုမ္ပဏီတွေက လူ သစ်ခန့်ထားတာ ခုနှစ်လအတွင်းအနိမ့် ဆုံးဖြစ်ခဲ့ပြီး ယူရိုနယ်မြေအလုပ်လက်မဲ့ ဖြစ်တာကလည်း ၁၅ နှစ်အတွင်းအနိမ့် ဆုံးဖြစ်ခဲ့ပါတယ်။ဒါကြောင့်အိန္ဒိယရူပီး ကဦးဆောင်ပြီး အာရှငွေကြေးတွေတန် ဖိုးကျခဲ့ပါတယ်။    အိန္ဒိယရူပီးက မေ ၂ ရက်မှာလေး လအတွင်း အနိမ့်ဆုံးကိုရောက်ရှိခဲ့ပါ တယ်။အင်ဒိုနီးရှားရူပီးက နှစ်နှစ်အတွင်း အနိမ့်အဆင့်ကိုကျရောက်ခဲ့ပါတယ်။တရုတ်ယွမ်    အမေရိကန်-တရုတ်မဟာဗျူဟာ မြောက်စီးပွားရေးဆွေးနွေးပွဲကို ပေကျင်း မှာ ဆက်လက်ကျင်းပနေချိန်မှာ တရုတ် ယွမ်ငွေကြေးရဲ့တန်ဖိုးက ယခင်သီတင်း ပတ်နဲ့နှိုင်းယှဉ်ရင် သုညဒသမ ၁ ရာခိုင်နှုန်းပြန်လည်မြင့်တက်ပြီး တစ် ဒေါ်လာကို ၆ ဒသမ ၃၀၄၀ ယွမ်နှုန်း ရှိခဲ့ပါတယ်။တရုတ်စီးပွားရေးနဲ့ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ချန်ဒီမင်းက တရုတ်နိုင်ငံရဲ့ ကုန်သွယ်မှုပိုငွေကဒေါ် လာ ၁၀ ဘီလီယံရှိခဲ့တယ်လို့ ပြောပါ တယ်။    သို့သော် တရုတ်နိုင်ငံခြားငွေ ရောင်းဝယ်ရေးဌာနတွင် တရုတ်ငွေတန် ဖိုးက သုညဒသမ ၂၄ ရာခိုင်နှုန်းကျ ဆင်းပြီး တစ်ဒေါ်လာကို ၆ ဒသမ ၂၇၂၁ ယွမ်နှုန်း ရှိခဲ့သည်။အိန္ဒိယရူပီး    ဒေါ်လာနဲ့အိန္ဒိယရူပီး ငွေလဲလှယ် နှုန်းမှာ မေ ၃ ရက်ကတစ်ဒေါ်လာကို ၅၃ ဒသမ ၄၁ ရူပီးနှုန်းဖြင့် ပိတ်ခဲ့ရာမှ မေ ၄ ရက်တွင် တစ်ဒေါ်လာကို ၅၃ဒသမ ၆၅၅၀ ရူပီးနှုန်းဖြစ်ခဲ့ပါတယ်။ စွန့်စားမှုတွေကို ရှောင်ရှားနိုင်အောင် ဆောင်ရွက်မှုကြောင့် အာရှရှယ်ယာများ ဈေးနှုန်းကျဆင်းခဲ့သလို အိန္ဒိယ ရှယ် ယာများရဲ့တန်ဖိုး လည်းကျဆင်းခဲ့ပါ တယ်။ ဒေါ်လာ - ရူပီး ဖလှယ်နှုန်းက စောစောပိုင်းက အမြင့်ဆုံး ဖလှယ်နှုန်း က တစ်ဒေါ်လာကို ၅၃ ဒသမ ၅၁ ရူပီးနှုန်းရှိခဲ့ပါတယ်။ဂျပန်ယန်း    ဥရောပဗဟိုဘဏ်က သူ့ရဲ့အဓိ ကအတိုးနှုန်းကို မပြောင်းလဲဘဲထားခဲ့ပြီး လာမဲ့လတွေအတွက် မူဝါဒပြောင်းလဲ ရေးနဲ့ပတ်သက်တဲ့ အလားလာတွေ မတွေ့ရတဲ့အတွက် ဧပြီလ ၃ ရက်နေ့ ကယူရိုငွေကြေးက ဒေါ်လာနဲ့ဖလှယ်ရာ မှာ ဈေးနှုန်းတန်းနေပါတယ်။    ဒေါ်လာယန်း ဖလှယ်နှုန်းက တစ်ဒေါ်လာကို ၈၀ ဒသမ ၁၃ ယန်း ရှိရာမှ ၈၀ ဒသမ ၂၀ ယန်းထိရောက် ရှိပြီး ယန်းတန်ဖိုး အနည်းငယ်ကျဆင်းခဲ့ ပါတယ်။ ယူရိုနဲ့ဖလှယ်ရာမှာလည်း တစ်ယူရိုကို ၁၀၅ဒသမ ၄၃ ယန်းရှိရာ မှ ၁၀၅ ဒသမ ၄၅ ယန်းနှုန်းဖြစ်ကာ ယန်းတန်ဖိုးကျခဲ့ပါတယ်။မလေးရှားရင်းဂစ်    ဒေါ်လာကို ဝယ်ယူဖို့စိတ်ဝင်စား မှု ပိုလာတဲ့အတွက် မေ ၄ ရက်ဈေး အဖွင့်မှာ ဒေါ်လာနဲ့ ဖလှယ်ရာမှာ ရင်းဂစ်တန်ဖိုး ကျဆင်းခဲ့ပါတယ်။ရင်းဂစ် တန်ဖိုးက မေ ၃ ရက်မှာ တစ်ဒေါ်လာ ကို ၃ ဒသမ ၀၃၀၀ ရင်းဂစ်ရှိရာမှ မေ ၄ ရက်မနက် ၉နာရီမှာ  တစ်ဒေါ်လာ ကို ၃ ဒသမ ၀၃၇၀ ရင်းဂစ်  ရှိခဲ့ပါ တယ်။ ဥရောပမှာ စီးပွားရေးဆုတ်ကပ် ဖြစ်နေတဲ့အတွက်    ယူရိုတန်ဖိုးကို အားနည်းစေပြီး ဒေါ်လာတန်ဖိုး မြင့် တက်ဖို့ အထောက်အကူ ဖြစ်စေခဲ့ပါ တယ်။ ရင်းဂစ်တန်ဖိုးက အခြားအဓိက ငွေကြေးတွေနဲ့ ဖလှယ်ရာမှာလည်း တန်ဖိုးကျ ဆင်းခဲ့ပါတယ်။တောင်ကိုရီးယားဝမ်    အမေရိကန် ပြည်ထောင်စုမှာ ဝန်ဆောင်မှုလုပ်ငန်းတွေက မျှော်မှန်း ထားတာထက် နိမ့်ကျနေပြီး အမေ ရိကန်နိုင်ငံသို့ တင်ပို့နိုင်မဲ့အလားအလာ မှေးမှိန်စေတဲ့အတွက် တောင်ကိုရီးယား ဝမ်က ဒုတိယနေ့အဖြစ် ဆက်လက်ကျ ဆင်းခဲ့ပါတယ်။ အစိုးရ ဘွန်းစာချုပ် တွေကအနည်းငယ်သာ အပြောင်းအလဲ ရှိပါတယ်။    ဆိုးလ်မြို့မှာ မေလ ၄ ရက်မနက် ၉နာရီက ဝမ်ငွေကြေးတန်ဖိုးက သုည ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းပြီး တစ် ဒေါ်လာကို ၁၁၃၁ ဒသမ ၉၈ ဝမ်နှုန်း ရှိခဲ့ပါတယ်။သီတင်းပတ်အလိုက်တန်ဖိုး တိုးတက်နှုန်းက သုည ဒသမ ၃ ရာခိုင် နှုန်း ရှိပါတယ်။ထိုင်းဘတ်    ငွေ လဲလှယ်နှုန်း အခြေအနေ ကောင်းနေတာကို အခွင့်ကောင်းယူ ပြီး သွင်းကုန်လုပ်ငန်းရှင်တွေက ဒေါ်လာ များကို တိုးချဲ့ ဝယ်ယူလိမ့်မယ်ဆိုတဲ့ ခန့်မှန်းချက်ကြောင့် ထိုင်းဘတ်ငွေတန် ဖိုးကသီတင်းပတ်အလိုက် ကျဆင်းမှု ရှိ တာကို တွေ့ရပါတယ်။ ဘွန်းစာချုပ် တွေလည်း တန်ဖိုးကျခဲ့ပါတယ်။    ဘလွမ်းဘတ်မှ ပြုစုထားတဲ့ စာရင်းဇယားတွေအရ ဘန်ကောက်မှာ မေ ၄ ရက်မနက် ၈နာရီ ၃၈ မိနစ်က ဘတ်ငွေ တန်ဖိုးက သုညဒသမ ၅ ရာခိုင်နှုန်း ကျဆင်းပြီး တစ်ဒေါ်လာကို ၃၀ ဒသမ ၉၃ ဘတ်နှုန်းရှိခဲ့ပါတယ်။ှSources.bloomberg.com,Xinhua reuters,bernama