Main menu

Background

ယွမ်ငွေတန်ဖိုးမြှင့်တင်ဖို့ တရုတ်ကိုတိုက်တွန်း

Tue, 05/15/2012 - 09:24 -- Anonymous (not verified)

    ဒေါ်လာနဲ့ ဖလှယ်ရာမှာ ယွမ်ငွေကြေးတန်ဖိုးကို မြှင့် တင်ပေးဖို့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ ဆွေးနွေးပွဲအစမှာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးတီမိုသီဂိုက်သနာကမေ ၃ ရက် က တိုက်တွန်းခဲ့ပါတယ်။    "ပိုမိုခိုင်မာတဲ့ ဈေးကွက်ကအဆုံးအဖြတ်ပေးတဲ့ ယွမ်ငွေ ကြေးက ပိုမိုမြင့်မားတဲ့တန်ဖိုးမြှင့်ထုတ်လုပ်မှု၊ ဘဏ္ဍာရေးစနစ် ကိုပြုပြင်ပြောင်းလဲမှု၊ ပြည်တွင်းဝယ်လိုအားကိုမြှင့်တင်ပေးမှု တို့က တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ရည်မှန်းချက်တွေ ကို အားဖြည့်ပေးရာမှာ အထောက်အကူ ဖြစ်စေလိမ့်မယ်" လို့ ဂိုက်သနာက ပြောပါတယ်။    ပို့ကုန်တွေတိုးမြှင့်နိုင်ဖို့ တရုတ်နိုင်ငံက သူ့ရဲ့ငွေကြေးကို တမင်သက်သက် တန်ဖိုးချထားတယ်။ ဒါကြောင့် အမေရိ ကန်နဲ့ တရုတ်ကုန်သွယ်ရေးမှာ တရုတ်နိုင်ငံကကုန်သွယ်မှုပိုငွေ အဆမတန်ဖြစ်နေတယ်လို့ အမေရိကန် အရာရှိများကစွပ်စွဲခဲ့ တာကြာပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ငွေကြေးကို ပိုမိုပြောင်း လွယ် ပြင်လွယ်ဖြစ်ဖို့ တစစ ဆောင်ရွက်နေတယ်လို့ ပြောရင်း သူရဲ့ငွေကြေးဖလှယ်မှု မူဝါဒကိုတရုတ်နိုင်ငံက ကာကွယ်ခဲ့ ပါတယ်။ ယခင်လက ယွမ်ငွေကြေး ဖလှယ်နှုန်းခွင်ကို ကျယ် ကျယ် ခွင့်ပြုပေးထားပြီး ယွမ်ငွေပေါ်ထိန်းချုပ်မှုကို တရုတ် နိုင်ငံက လျှော့ချပေးပါတယ်။ အမေရိကန်အတွက် အရေးပါ နေတဲ့ နိုင်ငံခြားယှဉ်ပြိုင်မှုကို ပိုမိုခွင့်ပြုပေးခြင်း အပါအဝင် တရုတ်နိုင်ငံက စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ပိုမိုတိုးမြှင့် ဆောင်ရွက်သင့်တယ်လို့ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ မဟာဗျူဟာ နဲ့ စီးပွားရေးဆွေးနွေးပွဲမှာ ဂိုက်သနာက ပြောပါတယ်။ှSource:AFP