Main menu

Background

အတိုးနှုန်းလျှော့ချရန် တောင်းဆိုမှုကို ထိုင်းဗဟိုဘဏ် ငြင်းဆန်

Tue, 05/15/2012 - 09:26 -- Anonymous (not verified)

    နေ့စားလုပ်ခနဲ့ ရေနံဈေးနှုန်းတွေ မြင့်တက်နေချိန်မှာ ငွေကြေးဖောင်းပွမှု အန္တရာယ်ကိုကာကွယ်နိုင်အောင်ငွေကြေးမူဝါဒများကိုပြန်လည်လျှော့ချရန် အစိုးရရဲ့ ဖိအားပေးမှုကိုရှောင်ရှားပြီး ထိုင်းဗဟိုဘဏ်ကဘုတ်အဖွဲ့ အစည်းအဝေးနှစ်ကြိမ်တိုင် မပြောင်းမလဲဘဲ ဆက်လက် ထိန်းထားခဲ့ပါတယ်။    ထိုင်းဗဟိုဘဏ်ရဲ့ တစ်ရက်သက်တမ်း ဘွန်းစာချုပ်ဝယ်ယူမှုအခြေခံနှုန်း ၃ ရာခိုင်နှုန်းကို မေ ၂ ရက်က ဆက်လက်ထိန်းထားခဲ့ပါတယ်။ ငွေကြေးအာဏာပိုင် အဖွဲ့က နိုဝင်ဘာနဲ့ဇန်နဝါရီလတွင် စုစုပေါင်း သုည ဒသမ ၅ ရာခိုင်နှုန်း လျှော့ချ ပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ကဖြစ်ပွားခဲ့တဲ့ ရေလွှမ်းမိုးမှုမှစီးပွားရေးလုပ်ငန်းများ နာလန်ထူလာစေရန်ချေးယူမှု ကုန်ကျစရိတ်များအား ဗဟိုဘဏ်ကလျှော့ချပေးရန် ထိုင်းဘဏ္ဍာရေးဝန်ကြီး ကစ်တီရပ်နာ ရနောင်းက မတ်လအတွင်းကတိုက်တွန်းခဲ့ပါ တယ်။ ဒါပေမဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ကမူဈေးနှုန်းအပေါ် ဖိအားပေးမှုများမြင့်တက်လာတဲ့အတွက် အာရှနိုင်ငံများက ငွေကြေးမူဝါဒ တင်းကျပ်မှု တွေပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ထိုင်းနိုင်ငံတွင်  Premium  benzene    ဓာတ်ဆီဈေးနှုန်းက ယခုနှစ်တွင် ၂၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဘန်ကောက်နဲ့ အခြားပြည်နယ် ၆ ခုမှာ နေ့စားလုပ်ခများမြင့်တက်ခဲ့ပါတယ်။    "လောလောဆယ်မှာတော့ဗဟိုဘဏ်ကအခြေအနေကိုစောင့်ကြည့်မဲ့ သဘော ထားမျိုးရှိခဲ့ပါတယ်။ ငွေကြေးဖောင်းပွမှုအန္တရာယ်ရှိနေဆဲအချိန်မှာ စီးပွားရေး ဖွံ့ဖြိုးမှုက မြင့်တက်ခြင်းမရှိဘဲ ဖြစ်နေပါတယ်"လို့ တိုကျိုရှိ ဒိုင်ဝအာမခံ လုပ်ငန်း ကုမ္ပဏီမှ ငွေကြေးမဟာဗျူဟာမှူး ယူဂျီကာမဲအိုကာက ပြောခဲ့ပါတယ်။    မေ ၂ ရက် ၃ နာရီ ၃၉ မိနစ်က ဘန်ကောက်တွင် ထိုင်းဘတ်ငွေတန်ဖိုးက သုည ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းပြီး တစ်ဒေါ်လာကို ၃၀ ဒသမ ၈၄ ဘတ်ရှိခဲ့ပါ တယ်။Source.bloomberg.com