Main menu

Background

တစ်ပတ်အတွင်းအားကစားသတင်းတိုများ

Tue, 05/15/2012 - 09:27 -- Anonymous (not verified)

    လူငယ်အမှတ်ပေးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အနိုင်ရရှိရန်အတွက် လူငယ် ကစားသမားသစ်များကို ရွေးချယ်ခေါ်ယူလျက်ရှိသည့်ကမ္ဘောဇအသင်းမှ ဦး သန်းထိုက်က လာရောက်အရွေးချယ်ခံသည့်ကစားသမားသစ်များတွင် လစာ ကျပ် ၁၀သိန်းနှင့်ထိုက်တန်သည့်ထူးချွန်ကစားသမားမတွေ့ရှိရသေးကြောင်း ပြောကြားခဲ့သည်။    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှကြီးမှူး၍ MFF Digicel Women Cup 2012  ပြိုင်ပွဲကို မေလ ၇ရက်နေ့မှစတင်ကာ စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစား ကွင်းတွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း  သိရသည်။    တောင်ကိုရီးယားနိုင်ငံတွင် ခြေစမ်းပွဲများယှဉ်ပြိုင်လျက်ရှိသည့် မြန်မာ့လက် ရွေးစင် ယူ-၂၂အသင်းသည် ကေလိဂ်ကလပ် ဂွမ်ဂျုူးအသင်းအား ၁-ဝဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးသည့်နောက်တွင် အသင်း၌ ဒဏ်ရာရရှိသည့် ကစားသမားများ ပိုမို များပြားလာကြောင်း သိရသည်။    ရတနာပုံအက်ဖ်စီအသင်းသည် ထိုင်းနိုင်ငံတွင် ချစ်ကြည်ရေးခရီးသွားရောက် ယှဉ်ပြိုင်နေစဉ်အချိန်တွင် အသင်း၏ အဓိက ကစားသမားများ ဖြစ်သည့် အောင်မြင့်အေး၊ ဒွေးကိုကိုချစ်နှင့် ပိုင်စိုးတို့အား သက်တမ်းတိုးစာချုပ်များ ချုပ်ဆိုခဲ့ကြောင်း သိရသည်။