Main menu

Background

တစ်ပတ်အတွင်းသတင်းတိုများ

Tue, 05/15/2012 - 09:28 -- Anonymous (not verified)

    မန်ယူအသင်းသည် ခရစ္စတီယာနိုရော်နယ်ဒိုလက်သစ်ဟု တင်စားခေါ်ဝေါ် ထားသည့် ပေါ်တိုအသင်း၏တောင်ပံကစားသမား ဂျိမ်းစ်ရိုဒရီဂွက်အား ခေါ် ယူရန် အန်ဒါဆန်အား ရောင်းထုတ်မည်ဖြစ်ကြောင်း သိရသည်။    အသင်းမှကစားသမားကို ထိုးကြိတ်ခဲ့မှုဖြင့် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည့် ဖီ အိုရင်တီးနား နည်းပြ ဒယ်လီယိုရော့စီသည် အီတလီစီးရီးအေမှချမှတ်သည့် သုံးပွဲပယ်ပြစ်ဒဏ်ကိုလည်း ခံစားခဲ့ရသည်။    မိမိတို့ထံ အငှားလာရောက်ကစားနေသည့်ဗိုင်လ်ဖီဆီဂါ့ဒ်ဆန်ကို အင်္ဂလန် ထိပ်သီးကလပ်အသင်းများ လက်ဦးမှုမရခင် အပြီးတိုင်စာချုပ်ချုပ်ဆိုနိုင်ရန် ကြိုးစားလျက်ရှိကြောင်း ဆွမ်ဆီးအသင်းမှ တာဝန်ရှိသူများက ပြောကြား လိုက်သည်။    အင်္ဂလန်အသင်းမန်နေဂျာဟောင်းတစ်ဦးဖြစ်သူ ဖေဘီယိုကာပယ်လိုက ၎င်းင်း အနေဖြင့် အင်္ဂလန်ပရီးမီးယားလိဂ်ရှိ ကလပ်အသင်းတစ်သင်းကို ကိုင်တွယ် လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။    တော့တင်ဟမ်နှင့်ပွဲမတိုင်မီ နိုက်ကလပ်တွင် ရန်ဖြစ်ခဲ့သည့် အက်စတွန်ဗီလာ အသင်းမှ ကစားသမားသုံးဦးအား ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။    ဗြိတိန်တင်းနစ်မယ် အီမာဝပ်ဆန်သည် အက်စ်တိုရီယယ် အိုးပင်းတင်းနစ် ပြိုင်ပွဲတွင် ချက်နိုင်ငံသူ ပီတာကက်ကိုဗက်စကာကို ၆-၃၊ ၆-၁ နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့ရကြောင်း သိရသည်။    အေဂျက် အမ်စတာဒမ်နည်းပြ အမ်ဘိုးဝါးက ဂျန်ဗာတိုဂန်အနေဖြင့်အသင်း ပြောင်းမည်ဆိုပါက အာဆင်နယ်နှင့်တော့တင်ဟမ်ဟော့စပါးအသင်းတို့ထက် ဘာစီလိုနာအသင်းသို့သာ ပြောင်းရွှေ့သင့်သည်ဟု ပြောကြားလိုက်သည်။    စပါးအသင်းမန်နေဂျာ ရက်ပ်နက်ဒ်က ကွင်းထဲတွင်လဲကျပြီး ၇၈မိနစ်မျှ သေ ဆုံးခဲ့သည့် မူအမ်ဘာအား ပြန်လည်တွေ့ဆုံရမည်ဟုမယုံကြည်ခဲ့ကြောင်းမူအမ် ဘာအားနှုတ်ဆက်စကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။