Main menu

Background

ကြုံခဲ့လေသမျှ စီးပွားရေးလောက

Tue, 05/15/2012 - 09:31 -- Anonymous (not verified)

ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အလုပ်အကိုင်သစ်များကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဟာ  ဒိုဟာရောင်းခေါ် (၉)ကြိမ် မြောက် နိုင်ငံပေါင်းစုံကုန်သွယ်ရေး စေ့စပ်ဆွေးနွေးပွဲကို ၂၀၀၁ ခုနှစ်မှာ စတင်ကျင်းပခဲ့ပေမဲ့ အခုချိန်ထိ အဆုံးမသတ်နိုင်သေးပါ။ အမေရိကန်သမ္မတ ရွေးကောက်ပွဲဟာ ဒီနှစ် နိုဝင်ဘာလအတွင်း ကျင်းပမှာဖြစ်တဲ့အတွက် ဒိုဟာရောင်းလည်းဒီနှစ်ကုန်မှာ အပြီးသတ် နိုင်မယ် မထင်ပါ။ အမေရိကန်နိုင်ငံဟာ ပြည်တွင်းနိုင်ငံရေး၊ စီးပွား ရေးနဲ့ အခြားဒေသဆိုင်ရာအရေးအခင်းများအပေါ် အာရုံစိုက်နေ ရတဲ့အတွက် ဒိုဟာကုန်သွယ်ရေး စေ့စပ်ဆွေးနွေးပွဲအပေါ် အလေး မထားနိုင်တာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက ဦးစားပေးသမျှ ဒိုဟာ ကုန်သွယ်ရေးစေ့စပ်ဆွေးနွေးပွဲဟာ ပြီးဆုံးမှာ မဟုတ်ပါဘူး။ အချိန် ကာလ ၁၁ နှစ်ကျော်ကြာခဲ့ပေမဲ့ မပြီးဆုံးနိုင်သေးတဲ့ ဒိုဟာရောင်းဟာ နိုင်ငံပေါင်းစုံကုန်သွယ်ရေး စေ့စပ်ဆွေးနွေးပွဲသမိုင်းမှာ အချိန်အကြာ ဆုံးစံချိန်တင်မဲ့ ကုန်သွယ်ရေးစေ့စပ်ဆွေးနွေးပွဲတစ်ရပ် ဖြစ်ပါတယ်။နှစ်နိုင်ငံလွတ်လပ်သော ကုန်သွယ်ရေးဒေသများကုန်သွယ်ရေး အတားအဆီးများ ဖယ်ရှားပြီး အပြန်အလှန် ကုန်သွယ်ရေးတိုးချဲ့ဖို့ ထိုသို့ကုန်သွယ်ရေးတိုးချဲ့ဖို့အတွက် အပြန် အလှန် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ဖို့ ထိုသို့ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်မြင့် မားလာရင် ကုန်ထုတ်လုပ်မှုတိုးချဲ့နိုင်မှာဖြစ်ပြီး အလုပ်အကိုင်သစ် များပေါ်ပေါက်ကာ တိုင်းပြည်ဝင်ငွေ တိုးတက်မြင့်မားလာမှာ ဖြစ်ပါ တယ်။ အဲဒါကြောင့် အချိန်တိုအတွင်း စေ့စပ်ဆွေးနွေးသဘော တူညီ မှုရရှိနိုင်တဲ့ နှစ်နိုင်ငံလွတ်လပ်သော ကုန်သွယ်ရေးဒေသ တည်ထောင် ခြင်းဆိုင်ရာ သဘောတူစာချုပ်များကို အကောင်အထည်ဖော်လာ ကြတာဖြစ်ပါတယ်။ ယင်းနှစ်နိုင်ငံ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်များဟာ နိုင်ငံပေါင်းစုံ ကုန်သွယ်ရေးစေ့စပ်ဆွေး နွေးပွဲအောင်မြင်ဖို့ တည်ဆောက်ရေးအုတ်မြစ်များ ဖြစ်ပါတယ်။၁၀ နိုင်ငံပါဝင်တဲ့ အာဆီယံ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ သြစတြေးလျ+နယူးဇီလန်၊ အိန္ဒိယနိုင်ငံ အသီးသီးနဲ့ နှစ်နိုင်ငံ လွတ် လပ်သောကုန်သွယ်ရေးဒေသ တည်ထောင်တဲ့ သဘောတူစာချုပ် များ လက်မှတ်ရေးထိုးပြီး အကောင်အထည်ဖော်လျက်ရှိပါတယ်။    အမေရိကန်နိုင်ငံဟာ ပြီးခဲ့တဲ့ အေပက် (အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့) အစည်းအဝေးမှာ သမ္မတ အိုဘားမားက လွတ်လပ်သော ကုန်သွယ်ရေးဒေသ တည်ထောင်ဖို့ အဆိုပြုခဲ့ပါတယ်။ အေပက်အဖွဲ့ဝင်နိုင်ငံများစွာက လက်ခံသဘော တူထားကြပါတယ်။ လွန်ခဲ့သော မတ်လအတွင်းက အမေရိကန်နိုင်ငံ နဲ့ တောင်ကိုရီးယားနိုင်ငံအကြား စာချုပ် ချုပ်ဆိုထားတဲ့ နှစ်နိုင်ငံ လွတ်လပ်သော ကုန်သွယ်ရေးဒေသ တည်ထောင်ဖို့ သဘောတူ စာချုပ် စတင်အသက်ဝင်လာပြီဖြစ်ကြောင်း၊ အမေရိကန်ကားများ ဆိုးလ်မြို့လမ်းမများပေါ်မှာ ပြေးလွှားကြတော့မှာဖြစ်ကြောင်း အလုပ် အကိုင်သစ်များလည်း ပေါ်ပေါက်လာမှာဖြစ်ကြောင်း သတင်းစာရှင်း လင်းပွဲတစ်ရပ်မှာ သမ္မအိုဘားမားက  ဝမ်းသာအားရ ထုတ်ဖော်ပြော ကြားခဲ့ပါတယ်။ဘီဘီစီရဲ့ မတ်လ ၂၆ ရက်သတင်းအရ ဂျပန်နိုင်ငံတိုကျိုမြို့ မှာ ကနေဒါနိုင်ငံဝန်ကြီးချုပ်စတီဖင်ဟာပါနဲ့ ဂျပန်နိုင်ငံဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါ တွေ့ဆုံဆွေးနွေးပြီးနောက် နှစ်နိုင်ငံအကြား လွတ် လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်ချုပ်ဆိုဖို့ မကြာမီ တရား ဝင် ဆွေးနွေးမှုများစတင်မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ကနေဒါ နိုင်ငံဝန်ကြီးချုပ်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဝန်ကြီးချုပ် ယင်လပ်ရှင်နာဝါထရာနဲ့ တွေ့ဆုံစဉ်ကလည်း နှစ်နိုင်ငံအကြား လွတ် လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့ တိုက်တွန်း ခဲ့ပါတယ်။ရင်းနှီးမြှုပ်နှံမှုနဲ့ အလုပ်အကိုင်သစ်များဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းဟာ ဧပြီလအတွင်းမှာ အရှေ့အာရှနိုင်ငံများသို့ ကုန်သွယ်ရေးတိုးချဲ့ဖို့ ခရီးလှည့်လည်ခဲ့ပါ တယ်။ ဂျပန်နိုင်ငံသို့ ပထမဦးစွာရောက်ရှိခဲ့ပြီး ကာကွယ်ရေးပစ္စည်း များရောင်းချဖို့နဲ့ လက်နက်များ ပူးပေါင်းထုတ်လုပ်ဖို့ ဆွေးနွေးနိုင် ခဲ့ပါတယ်။ ဗြိတိန်နိုင်ငံ ဆန်ဒါးလန်းမှာ ဂျပန်နစ်ဆန်းကုမ္ပဏီက ပုံစံ သစ်ကားများထုတ်လုပ်ဖို့ ရင်းနှီးမြှုပ်နှံတာကိုလည်း ချီးကျူးစကား ပြောလိုက်ပြီး အလုပ်အကိုင်သစ် ၁၀၀၀ ဖန်တီးပေးတဲ့အတွက် ကျေး ဇူးတင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံသို့ နေချင်းပြန်ခရီးမလာရောက်မီ ဗြိတိန်ဝန်ကြီး ချုပ်ဟာ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံနဲ့ စင်ကာပူနိုင်ငံများသို့ ဝင်ရောက်ခဲ့ပါတယ်။ စင်ကာပူနိုင်ငံမှာ ခေတ္တဝင်ရောက်ရပ်နားစဉ် စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်းနဲ့ စီးပွားရေး၊ သိပ္ပံနည်းပညာ ကဏ္ဍများမှာ ပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေးခဲ့ပါတယ်။ ဝန်ကြီးချုပ် လီရှန်လွန်းကလည်း စင်ကာပူနိုင်ငံနဲ့ အီးယူအကြား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်  စေ့စပ်ဆွေးနွေးပွဲ အောင်မြင်စွာ အဆုံး သတ်နိုင်ဖို့ ဗြိတိန်နိုင်ငံရဲ့ ထောက်ခံမှုကိုတောင်းခံခဲ့ပါတယ်။၂၀၁၂ ခုနှစ် ဧပြီလ ၈ ရက်နေ့ထုတ် The Straits Times   သတင်းစာမှာပါရှိတဲ့ တရုတ်နိုင်ငံရဲ့သတင်းဟာ  ရင်းနှီးမြှုပ်နှံမှုနဲ့ အလုပ်အကိုင်အတွက် မှတ်သားသင့်ပါတယ်။ သြစတြေးလျနိုင်ငံက မြန်နှုန်းမြင့် အင်တာနက်ကွန်ရက်တည်ဆောက်ဖို့ ကမ်းလှမ်းရာမှာ တရုတ်နိုင်ငံရဲ့ နည်းပညာကုမ္ပဏီ ဟာဝေကို ပိတ်ပင်တားဆီးခဲ့ပါ တယ်။ သြစတြေးလျထောက်လှမ်းရေးအရာရှိများက ဟက်အလုပ် ခံရတာမှာ တရုတ်နိုင်ငံကိုခြေရာခံတွေ့ရှိလို့ပဲ ဖြစ်ပါတယ်။ တရုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဟာဝေကုမ္ပဏီဟာ နိုင်ငံ များစွာမှာ မြန်နှုန်းမြင့် အင်တာနက်ကွန်ရက်ပစ္စည်းများ ထုတ်လုပ် ခြင်းနဲ့ ဝန်ဆောင်မှုပေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သြစတြေး လျနိုင်ငံတွင်လည်း လုပ်ငန်းဆောင်ရွက်လျက်ရှိရာ ၁၀ နှစ်နီးပါး ရှိပြီဖြစ်ကြောင်း လုပ်ငန်းလိုအပ်ချက်ရဲ့ အလုပ်သမား ၉၀ ရာခိုင် နှုန်းကို သြစတြေးလျနိုင်ငံသားများအား ခန့်ထားကြောင်း အခုလို ပိတ်ပင်တားဆီးခြင်းဟာ တရားမျှတမှုမရှိကြောင်း ပြောကြားခဲ့ပါ တယ်။မှတ်ချက်နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ အိမ်ရှင်နိုင်ငံကို အလုပ် အကိုင်သစ်များ ဖန်တီးပေးပါတယ်။ လုပ်ငန်းလိုအပ်ချက်ရဲ့ အနည်း ဆုံး ၉၀ ရာခိုင်နှုန်းနဲ့အထက် အလုပ်အကိုင်ရရှိကြကြောင်း သတိပြု ဖို့ လိုအပ်ပါတယ်။