Main menu

Background

ဆမ်ဆောင်းက ထုတ်လုပ်မှု လိုင်းပြောင်းမည်

Tue, 05/15/2012 - 09:36 -- Anonymous (not verified)

    တောင်ကိုရီးယားနဲ့ နိုင်ငံခြားမှာရှိတဲ့ ကုမ္ပဏီ စက်ရုံ တွေမှာ လက်ရှိထုတ်လုပ်နေဆဲဖြစ်တဲ့ မင်မိုရီချစ်ပ် ထုတ် လုပ်မှုလိုင်းတချို့ကို မင်မိုရီချစ်ပ်မဟုတ်တဲ့လိုင်းတွေအဖြစ် ပြုပြင်ပြောင်းလဲသွားဖို့ ဆမ်ဆောင်းအီလက်ထရွန်းနစ်က စဉ်းစားလျက် ရှိပါတယ်။ စမတ် ကိရိယာတွေအတွက် အပလီကေးရှင်း ပရိုဆက်ဆာလို မင်မိုရီချစ်ပ်မဟုတ်တဲ့ ကိရိယာတွေရဲ့ ဝယ်လိုအားမြင့်တက်ပြီး တစ်ကိုယ်ရေသုံး ကွန်ပျူတာ (ပီစီ)တွေရဲ့ ရောင်းအားကလည်း ကျနေတဲ့ အတွက်ယခုလိုဆောင်ရွက်တာဖြစ်ကြောင်းလုပ်ငန်းသတင်း ရပ်ကွက်များနဲ့ လေ့လာဆန်းစစ်သူတွေက ပြောပါတယ်။    ပီစီကွန်ပျူတာတွေမှာ ဗဟိုတွက်ချက်မှု ကိရိယာ အဖြစ်အသုံးပြုတဲ့ ကိရိယာမျိုးဖြစ်တဲ့ မင်မိုရီချစ်ပ်မဟုတ်တဲ့ AP   ကိရိယာတွေက စမတ်ဖုန်းတွေနဲ့ စမတ်ကိရိယာတွေ အတွက် အဓိကကျတဲ့အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ တောင်ကိုရီးယားရှိ နည်းပညာထုတ်လုပ်သူတွေ အဓိက အာရုံစိုက်ဆောင်ရွက်တာကDRAM နဲ့ NAND  မင်မိုရီ ချစ်ပ်တွေ ထုတ်လုပ်တာဖြစ်ပါတယ်။ ဒီကိရိယာတွေက Non-Memory   ကိရိယာတွေထက် စွမ်းဆောင်ရည်နည်း ပြီး သိုလှောင်ထားနိုင်တဲ့ စွမ်းရည်နည်းပါတယ်။ ကမ္ဘာပေါ် မှာရှိတဲ့ လုပ်ငန်းကြီးတွေဖြစ်တဲ့ Intel နဲ့ Qualcomm   တို့က မင်မိုရီချစ်ပ်မဟုတ်တဲ့ ချစ်ပ်လုပ်ငန်းကဏ္ဍကို လွှမ်း မိုးထားပါတယ်လို့ လေ့လာဆန်းစစ်သူတွေက ပြောပါ တယ်။  Gyeonggi   ပြည်နယ်က Giheung စက်ရုံက လိုင်းတချို့ကို မင်မိုရီမဟုတ်တဲ့ ချစ်ပ်တွေထုတ်လုပ်ဖို့ ပြောင်းလဲထားပြီးပြီလို့ ယခင်သီတင်းပတ်က ဆမ်ဆောင်း က ကြေညာခဲ့ပါတယ်။    တစ်ပိုင်း လျှပ်ကူးပစ္စည်းထုတ်လုပ်ရေး လုပ်ငန်း အတွက် ဝမ် ၁၅ ထရီလီယံ (ဒေါ်လာ ၁၃ ဘီလီယံ) ရင်းနှီးမြှုပ်နှံမယ်လို့ ကုမ္ပဏီကပြောပါတယ်။ ဒီအထဲက ဝမ် ၈ ထရီလီယံကို မင်မိုရီမဟုတ်တဲ့ချစ်ပ်တွေ ထုတ်လုပ်ဖို့ အတွက် ရင်းနှီးမြှုပ်နှံမယ်လို့ လုပ်ငန်းဆိုင်ရာ သတင်း ရပ်ကွက်က ပြောပါတယ်။    နည်းပညာလုပ်ငန်းတွေက အားလပ်ရက်တွေဖြစ်တဲ့ စတုတ္ထသုံးလပတ်မှာ ဈေးကွက်ထဲကိုဝင်ပြီး သူတို့ရဲ့ စမတ်ဖုန်းတွေရောင်းချမှာ ဖြစ်တဲ့အတွက် ချစ်ပ် အမှာစာ တွေက တတိယသုံးလပတ်မှာ အမြင့်ဆုံးကိုရောက်လာ တတ်ပါတယ်။ ပထမသုံးလပတ်မှာ နည်းပညာလုပ်ငန်း တွေက လုပ်ငန်းတွေကို ပြန်လည်စုစည်းတဲ့ကာလဖြစ်ပြီး လက်ကျန်တွေရှင်းတတ်ပါတယ်။ ဒါကြောင့် ဒီကာလ အတွင်းမှာ တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေ ရောင်းအားမရှိ တတ်ဘူးလို့ ဝေဖန်ဆန်းစစ်သူတွေကပြောပါတယ်။Source.koreaherald.com