Main menu

Background

တရုတ်၊ အိန္ဒိယနဲ့ အာဆီယံတို့က ၂၀၃၀ ပြည့်နှစ်တွင် အနောက်နိုင်ငံတွေကို ကျော်တက်မည်

Tue, 05/15/2012 - 09:38 -- Anonymous (not verified)

    အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတို့ရဲ့ စီးပွားရေးတွေက ကမ္ဘာ့ ဘဏ္ဍာရေးမရေရာမှုတွေကြောင့် စီးပွားရေး တိုးတက်မှု အကြီးအကျယ် တုံ့ဆိုင်း လျက် ရှိနေပါတယ်။ ဒါပေမဲ့ တရုတ်၊ အိန္ဒိယနဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံတွေ ၂၀၃၀ ပြည့်နှစ် နောက်ပိုင်းအထိ အရှိန်အဟုန်နဲ့ ဆက်လက်တိုးတက်နေမယ်လို့ အေဒီဘီက ခန့်မှန်းထားပါတယ်။ အာရှနဲ့ ပစ္စဖိတ် ဒေသမှာရှိတဲ့ နိုင်ငံတွေက ၂၀၁၂ ခုနှစ်မှာ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု ၆ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ၂၀၁၃ ခုနှစ်မှာ ၇ ဒသမ ၃ ရာခိုင်နှုန်းထိ ဆက်လက် တိုးတက်နိုင်လိမ့်မယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်(အေဒီဘီ) ဥက္ကဌဟာရုအိကိုကူရိုဒါက ပြောပါတယ်။    "ဒီဒေသနဲ့ နိုင်ငံတွေ (အိန္ဒိယ၊ တရုတ်၊ အာဆီယံ) တို့က သူတို့ရဲ့ နိုင်ငံသား တွေ ဘဝအရည်အသွေး တိုးတက်မှုရနိုင်မဲ့လမ်းကြောင်းပေါ်ကိုရောက်နေပြီး ၂၀၃၀ ပြည့်နှစ်မှာ ဒီဒေသရဲ့ စုစုပေါင်းလူဦးရေက ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်ကို ရောက် လာနိုင်တယ်"လို့ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမဲ့ (၄၅) ကြိမ်မြောက် အေဒီဘီဘဏ် အုပ်ချုပ်ရေးမှူး ဘုတ်အဖွဲ့အစည်းအဝေးမတိုင်မီ ပြောကြားပါတယ်။    "၂၀၃၀ ပြည့်နှစ်ရောက်ရင် တရုတ်နိုင်ငံက ဝင်ငွေမြင့်နိုင်ငံအဆင့်ကို ရောက်ရှိ ပြီး အာဆီယံတစ်ခုလုံးနဲ့ အိန္ဒိယက နောက်နားကကပ်လိုက်လာပါလိမ့်မယ်။ ဒီဒေသ သုံးခုဟာ ကမ္ဘာ့ရှေ့ဆောင်စားသုံးသူ၊ ထုတ်လုပ်သူ များ၊ ငွေကြေးစုဆောင်း သူများ၊ ရင်းနှီးမြှုပ်နှံသူများနဲ့ ဘဏ္ဍာရေးထောက်ပံ့သူများ မှီတင်းနေထိုင်ရာဒေသ ဖြစ်လာလိမ့်မယ်"လို့ ကူရိုဒါက ပြောပါတယ်။    အာဆီယံအဖွဲ့ကို ပထဝီဝင်နိုင်ငံရေးနဲ့ စီးပွားရေးအရ ၁၉၆၇ ခုနှစ် သြဂုတ် ၈ ရက်မှာ ဖွဲ့စည်းခဲ့ပြီး အရှေ့တောင်အာရှဒေသရှိ နိုင်ငံ ၁၀ နိုင်ငံ ပါဝင်ပါတယ်။    ဒါပေမဲ့ ဒီဒေသနဲ့ နိုင်ငံတွေက အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်အောင် ပြင်ဆင်ထားရမှာဖြစ်သလို ပညာရေးနဲ့ စီးပွားရေး အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုတွေဆောင်ရွက်ဖို့ လိုအပ်နေ တယ်လို့ ကူရိုဒါက သတိပေး ပြောကြားပါတယ်။Source.indian express.com