စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်းကုန်သွယ်မှုမြှင့်တင်ရေး၊ ပို့ကုန်တိုးမြှင့်ရေး၊ ကုန်သွယ်မှု လုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးတို့အတွက် အကောင်အထည် ဖော် ဆောင်ရွက်ခဲ့မှုများနှင့် ယာဉ်အိုယာဉ်ဟောင်းလဲလှယ်ရေး အစီအစဉ်အပါ အဝင်၊ မော်တော်ကားတင်သွင်းခွင့်ဆိုင်ရာလုပ်ငန်းများ၏ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုအခြေအနေများအား သတင်းမီဒီယာအဖွဲ့များနှင့် တွေ့ဆုံရှင်းလင်း ပွဲကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နေပြည်တော် ရုံး အမှတ်(၃) အစည်းအဝေးခန်းမတွင် မေ ၇ ရက် မွန်းလွဲ ၁ နာရီခွဲမှာ ကျင်းပ ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်း၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်၊ ဒုတိယဥက္ကဋ္ဌများ၊ OSS အဖွဲ့တွင် ပါဝင်သော အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီး မြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည် များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆီကုန် သည်ကြီးနှင့် ဆီလုပ်ငန်းရှင်များအသင်း၊ လက်ခစားစနစ်ဖြင့် ဆောင်ရွက် သောလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် သတင်းမီဒီယာ ၃၅ ခုမှ သတင်းထောက်များ စုစုပေါင်း ၈၀ ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရပါသည်။၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃ ဘီလီယံကျော် တိုးမြင့်လာမှုအခြေအနေ၊ ပို့ကုန် တိုးမြှင့်ရေးအတွက် ဆောင်ရွက်ခဲ့မှုများနှင့် ကုန်သွယ်မှုလျင်မြန် ချောမွေ့စေရေးအတွက် ဆောင်ရွက်ခဲ့သည့် အစီအမံများကို ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်မှ ရှင်းလင်းဆွေးနွေးပြီး၊ ယာဉ် အိုယာဉ်ဟောင်းလဲလှယ်မှုအစီအစဉ်အရ မော်တော်ယာဉ်များ တင်သွင်းမှု၊ ကားအရောင်းစင်တာများ ဖွင့်လှစ်ခွင့်ပြုပြီး၊ ပြည်သူများ လွယ်ကူချောမွေ့စွာ ကားများဝယ်ယူနိုင်အောင် စီစဉ်ထားရှိမှုနှင့် ယခုအခါ MFTB, MICB ဘဏ် များတွင် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသူ နိုင်ငံ သားများအား ကားတင်သွင်းခွင့်ပြုတော့မည့် အခြေ အနေများအား ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက် လာသည့် မီဒီယာများ၏ မေးမြန်းချက်များအား ဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိ သူများက ပြန်လည်ဖြေကြားခဲ့ကြောင်းသတင်းရရှိသည်။
Background
