Main menu

Background

မော်တော်ကားတင်သွင်းခွင့် လျှောက်လွှာပုံစံနှင့် လိုအပ်ချက်များ သက်ဆိုင်ရာဌာနမှ ထုတ်ပြန်

Wed, 05/16/2012 - 04:32 -- Anonymous (not verified)

  ၂၀၁၂ ခုနှစ် မေလ ၇ ရက်နေ့ တွင် နေပြည်တော်  စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌  မီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်မှ  MFTB နှင့် MICB ဘဏ် များတွင် နိုင်ငံခြားငွေစာရင်း  ဖွင့်လှစ် ထားသူ  နိုင်ငံသားများအား ၂၀၀၇ ခုနှစ်နှင့်အထက်  မော်ဒယ်လ်ကားများ  တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။  အဆိုပါ  လုပ်ငန်းစဉ်၏ နောက်ဆက်တွဲ    အကောင်အထည် ဖော်မှုအနေဖြင့် ကုန်သွယ်ရေးညွှန်ကြား မှု ဦးစီးဌာနမှ မော်တော်ကားများ တင် သွင်းရာတွင်      ဆောင်ရွက်ရမည့် လျှောက်လွှာပုံစံနှင့်  လိုအပ်ချက်များ အား ထုတ်ပြန်ခဲ့ပြီး၊  အဆိုပါထုတ်ပြန် ချက်များအား စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန (နေပြည် တော်)နှင့် ကုန်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာန၊  ရန်ကုန်တိုင်းဒေသကြီးရုံးတို့ရှိ ကြော်ငြာသင်ပုန်းများတွင် ဖော်ပြထား ကြောင်း သတင်းရရှိသည်။ ထို့အပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏  ဝက်ဘ်ဆိုက်ဖြစ်သော www.commerce.gov.mm တွင် လည်း ကြည့်ရှုနိုင်ကြောင်း သိရသည်။