၂၀၁၂ မှာ ကမ္ဘာ့ဆန် ရိတ်သိမ်းမှုမြင့်တက်မယ်လို့ FAO က ခန့်မှန်း

    ရာသီဥတုမမျှတမှုကို ဖြစ်စေတဲ့ လာနီညာရာသီဥတုဖြစ်စဉ် လျော့ပါးလာခြင်း၊ လယ်သမားများ ပိုမိုစိုက်ပျိုး လာကြခြင်း တွေကြောင့် ၂၀၁၂ အတွက် ကမ္ဘာ့ဆန်ရိတ်သိမ်းမှုဟာ ၂၀၁၁ ခုနှစ်အတွင်းများစွာထွက်ရှိခဲ့တဲ့ ပမာဏထက် ကျော်လွန်ဖွယ် ရှိတယ်လို့ FAO မှ ၎င်းရဲ့ ဆန်ဈေးကွက်စောင့်ကြည့် ထုတ်ပြန်ချက်မှာ မေလ ၄ ရက်က ကနဦးအကြိမ် ခန့်မှန်းထားပါတယ်။ ၂၀၁၂ အတွက် ကမ္ဘာ့စပါးထုတ်လုပ်မှု တန်ချိန် ၇၃၂ ဒသမ ၃ သန်း (ညီမျှဆန်တန်ချိန် ၄၈၈ ဒသမ ၂ သန်း)ရှိမယ်လို့ ခန့်မှန်းထားလို့၂၀၁၁ စုစုပေါင်းထုတ်လုပ်မှုထက် တန်ချိန် ၁၂ ဒသမ ၃ သန်း ရာခိုင်နှုန်းအားဖြင့် ၁ ဒသမ ၇ ရာခိုင်နှုန်း ပိုမိုမယ်လို့ သိရပါတယ်။ ဆန်အဓိက စားသုံးတဲ့ အာရှဟာ ဆန်ထုတ်လုပ်မှု တိုးတက်ဖို့အတွက် အဓိကဆောင်ရွက်လျက်ရှိရာ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နဲ့အထူးသဖြင့် ယခင်နှစ် ရေလွှမ်းမိုးခြင်းကြောင့် ထိခိုက်ခြင်းမှ ပြန်ကောင်းမွန်လာတဲ့ ထိုင်းနိုင်ငံတို့မှာစပါးထွက်ရှိမှုများစွာ တိုးတက်ဖွယ်ရှိနေပါတယ်။ အလားတူ ၂၀၁၂ အတွက် အဓိက စပါးရိတ်သိမ်းပြီးဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ သီရိလင်္ကာတို့မှာလည်း အထွက်ပိုတဲ့ အလားအလာများရှိနေပါတယ်။    ရာသီဥတု မမျှတမှုတွေရှိတဲ့တိုင် တောင်သူများ ၁စိုက်ပျိုးမှုတိုးတက်လာခြင်းကလည်း စပါးပိုမိုထွက်ရှိဖို့ ဖြစ်စေပါတယ်။ ကမ္ဘာတစ်ဝန်း လယ်သမားများဟာ စပါးစိုက်ဖို့ ဟက်တာ ၁၆၅ ဒသမ ၁ သန်းကို ၁ ဒသမ ၆ ရာခိုင်နှုန်းတိုးမြှင့်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ အာရှနိုင်ငံတွေအပြင် အာဖရိကနိုင်ငံများဖြစ်တဲ့ မာလီ၊ ဆီနီဂေါနဲ့ နိုက်ဂျီးရီးယားတို့မှာလည်း စပါးပိုမိုထွက်ရှိမှာ ဖြစ်ပေမယ့် အီးယူ၊ အမေရိကန်ပြည်ထောင်စု၊ လက်တင်အမေရိကနဲ့  ကာရေဘီယံတို့မှာတော့ ထွက်ရှိမှုကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။    အာရှမှာစပါးထွက်ရှိမှု အားကောင်းပေမယ့် ဆန်စားသုံးမှု အများဆုံး အဲဒီဒေသမှာ ဆန်တင်သွင်းမှု ပိုမိုလျော့နည်း လာနိုင်လို့ ၂၀၁၂ အတွက် ကမ္ဘာ့ဆန်ကုန်သွယ်မှုဟာ တန်ချိန် ၃၄ ဒသမ ၃ သန်းကို တန် ၉ သိန်း ကျဆင်းနိုင်တယ်လို့ ၤဗဥ မှ ခန့်မှန်းထားပါတယ်။ အဲဒီပမာဏဟာ၂၀၁၁ မှာစံချိန်တင်ခဲ့တဲ့ ပမာဏထက် ၂ ရာခိုင်နှုန်းကျဆင်းမယ်လို့ ဆိုပါ တယ်။ ဒါပေမယ့် တရုတ်၊ အာဖရိက၊ အီးယူ၊ မြောက်အမေရိကနဲ့ လက်တင်အမေရိကတို့ကတော့  တင်သွင်းမှု မြင့်တက် ဖွယ်ရှိနေပါတယ်။ ထုတ်လုပ်မှုမြင့်တက်ပေမယ့် ဝယ်လိုအားနည်းခြင်းများက နိုင်ငံတကာဈေးကျဆင်းဖို့ ဖြစ်လာစေ နိုင်ပါ တယ်။အထူးသဖြင့် အိန္ဒိယက ပုံမှန်ဆန်တင်ပို့မှု ပိတ်ပင်ထားခြင်းမှ ပြန်လည်ခွင့်ပြုလိုက်ခြင်းကြောင့်လည်း ဆန်ဈေး ပိုမို ကျဆင်းလာစေပါတယ်။ ယှဉ်ပြိုင်ဖက်နိုင်ငံများမှ ဈေးပိုမိုလျှော့ချခြင်းနဲ့အတူ ထိုင်းနိုင်ငံအနေနဲ့ ထိပ်တန်း ဆန်တင်ပို့သူအဖြစ် ၎င်းင်းနေရာကို ဆက်လက်ထိန်းထားတဲ့တိုင် ၎င်းင်းဆန်တင်ပို့မှုကတော့ သိသိသာသာ ကျဆင်းဖွယ် ရှိနေပါတယ်။    သြစတြေးလျ၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဗီယက်နမ်တို့ကဲ့သို့ နိုင်ငံများအနေနဲ့ ၎င်းင်းတို့ရဲ့ ဈေးနှုန်း ယှဉ်ပြိုင်မှု တွေအရ ဈေးကွက်ဝေစုများစွာရရှိနေကြပါတယ်။                                     လမင်းSource: riceonline