ပင်လယ်ရေကြောင်းက မတ်ပဲပုံမှန်တင်ပို့မှု ရှိနေပါတယ်။ ဧပြီ ၃၀ ရက်မှ မေ ၄ ရက်အထိ မတ်ပဲ စုစုပေါင်း တန်ချိန် ၁၄၀၀၀ ကျော် တင်ပို့နိုင်ခဲ့လို့ ယခင် သီတင်းပတ်များအတိုင်း တင်ပို့နိုင်ခဲ့ပါတယ်။ ပိတ်ရက်များရှိတဲ့တိုင် ၂၀၁၂ ဧပြီလ တစ်လလုံးမှာ မတ်ပဲ တန်ချိန် ၄၂၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး မတ်လအတွင်းမှာ တန်ချိန် ၄၈၀၀၀ကျော်တင်ပို့နိုင်ခဲ့ကြောင်းသိရပါတယ်။၂၀၁၁ ဧပြီလအတွင်း တန် ချိန် ၂၇၀၀၀ ခန့် တင်ပို့မှုရှိခဲ့လို့ ယခုနှစ် ဧပြီလမှာ ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွင်း မေလ ၄ ရက်နေ့အထိ စုစုပေါင်း မတ်ပဲတင်ပို့ မှု တန်ချိန် ၅၃၀၀၀ ကျော်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၂၉ သန်းကျော်ရရှိကြောင်း သိရပါတယ်။ ၂၀၁၁-၁၂ ဘဏ္ဍာနှစ် ကာလတူအတွင်း မတ်ပဲတန်ချိန် ၃၆၀၀၀ ကျော်မှ ကန်ဒေါ်လာ ၃၄ သန်းကျော်ရရှိလို့ ယခုနှစ် ကာလတူမှာ တင်ပို့နိုင်တဲ့ ပမာဏသိသိသာသာပိုမိုပေမဲ့ရရှိတဲ့ဝင်ငွေမှာယခင်နှစ်ထက် လျော့ကျတာတွေ့ရပါ တယ်။ လာမယ့် သီတင်းပတ်မှာလည်း မတ်ပဲတင်ပို့မှု ပုံမှန်ရှိမယ်လို့ ခန့်မှန်းရပါ တယ်။ MIRT - MAPT
Background