မောင်တောဒေသဟာ ရေမြေသဘာဝအရ ပို့ကုန်ပိုင်းမှာ ရေထွက်ပစ္စည်းများ တင်ပို့မှုကို အားထားရလျက်ရှိပြီး အထူးသဖြင့် ရေငန်ပုစွန်တင်ပို့မှုမှာ များစွာ အရေးပါနေပါတယ်။ ယခုနှစ်တွင် ရေငန်ပုစွန်တင်ပို့မှုနဲ့အလားတူ ပို့ကုန်တက်လာတဲ့ကုန်ပစ္စည်းမှာ မတ်ပဲဖြစ်ပါတယ်။ ယခင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တစ်ခုလုံးမှာ ကန်ဒေါ်လာ သုည ဒသမ ၀၃၂ သန်း တန်ဖိုးရှိ မတ်ပဲတန် ၆၀ သာတင်ပို့နိုင်ခဲ့ပေမယ့် ယခု ၂၀၁၂-၁၃ ဧပြီတစ်လတည်းမှာ ၄၃၆ ဒသမ ၇၁၄ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ရေငန်ပုစွန်မှာ သဘာဝအရ ရေသေရက်၊ ရေထရက်များဖြစ်တည်မှုပေါ် မူတည်ပြီး ကုန်တက် အတက်အကျရှိပေမယ့် ရေစောင့်ဆိုင်းရန်မလိုတဲ့ မတ်ပဲ ကတော့ မေလဆန်းမှာ ကန်ဒေါ်လာ သုညဒသမ ၁၁၉ သန်း တန်ဖိုးရှိ မတ်ပဲ ၁၃၄ ဒသမ ၈၂၃ တန် တင်ပို့နိုင်ခဲ့ပြီဖြစ်ပါတယ်။ ကုန်ပစ္စည်းစုဆောင်းမှုနဲ့ သယ်ယူ ပို့ဆောင်မှုကိုသာ အချိန်လျင်မြန်စွာဆောင်ရွက်နိုင်မယ်ဆိုရင် ကုန်သွယ်မှု ပမာဏတိုးတက်ရေးအတွက် အရေးပါလာမှာဖြစ်လို့ မေလပို့ကုန်စာမျက်နှာမှာ ခြေတစ်လှမ်းဦးနေပြီဖြစ်တဲ့ မတ်ပဲကို မောင်တောမှကြိုဆိုလိုက်ရပါတယ်။DOBT
Background