Main menu

Background

ရန်ကုန် FOB မတ်ပဲ ရောင်းဝယ်မှုကောင်းနေ

Wed, 05/16/2012 - 05:04 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ် မတ်ပဲရောင်းဝယ်မှု ကောင်းနေတာတွေ့ရပါတယ်။ မတ်ပဲ FAQ နဲ့ SQ ဈေးနှုန်းကွာဟမှုကြောင့် FAQ မတ်ပဲကို ဝယ်ယူမှုများတာ တွေ့ရပါတယ်။ မေလ ၇ ရက်မှ ၁၁ ရက်အထိ တစ်ပတ်အတွင်း မတ်ပဲ FAQ နဲ့ အခွံချွတ် FAQ စုစု ပေါင်း တန်ချိန် ၃၂၀၀၀ ခန့် အရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။     သင်္ဘောကွန်တိန်နာငှားရမ်းခ ဈေးကျဆင်းမှုမရှိပေမဲ့ ပြည်ပဝယ်လက်တွေ အဝယ်ဆက်ရှိနေကြောင်း သိရပါတယ်။ ယခုတစ်ပတ်အဝယ်အနည်းငယ်သွက်ပြီး ရောင်းချမှု ပုံမှန်ရှိနေလို့ ရန်ကုန် FOB ဈေးအနည်းငယ် တိုးလာခဲ့ပါတယ်။                    FAQ(အသစ်)    SQ(အသစ်)    FAQ(အဟောင်း)     SQ(အဟောင်း)၁၁-၅-၁၂         ၅၀၀-၅၂၀        ၅၇၀-၅၉၀        ၄၈၀-၅၀၀           ၅၂၀-၅၄၀၄-၅-၁၂          ၄၉၀-၅၁၀          ၅၆၀-၅၈၀       ၄၆၅-၄၈၅           ၅၀၅-၅၂၅MIRT(MAPT)