အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ်အတွင်း ကုန်သည်များနဲ့ ပဲခွဲစက်များ အဝယ်ထိုင်းနေလို့ မတ်ပဲဈေး တည်ငြိမ်လျက်ရှိနေပါတယ်။ ဈေးကွက် တွေကို ဆောင်းပဲများဝင်လာနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ယခင်နှစ်ဆောင်းပဲ စိုက်ပျိုးစဉ် မတ်ပဲစိုက်ဧရိယာ ပိုမိုပြီး အထွက်များတဲ့အတွက် ဈေးကွက်တွေမှာ ရောင်းချမှု ရှိနေဆဲဖြစ်သလို ပြည်ပက တင်သွင်းမှုတွေလည်း ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။ မေ ၇ ရက်ကမွန်ဘိုင်းဆိပ်ကမ်းကို မြန်မာမတ်ပဲကွန်တိန်နာ ၄၀ လုံး ဝင်ရောက်ပြီး မေ ၉ ရက်မှာ မြန်မာမတ်ပဲ ကွန်တိန်နာ ၅ လုံး ဝင်ရောက် ကြောင်းသိရပါတယ်။ လတ်တလောရောင်းဝယ်မှုအရ မတ်ပဲဈေးငြိမ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြ လိုက်ပါတယ်- ဒေါ်လာ/ တန် ၁၀-၅-၂၀၁၂ ၉-၅-၂၀၁၂ ၈-၅-၂၀၁၂ ၇-၅-၂၀၁၂မွန်ဘိုင်း ၆၀၀ ၅၈၉ ၅၈၇ ၅၈၁ဒေလီ ၆၃၈ ၆၃၉ ၆၃၄ ၆၁၉ချန်နိုင်း ၆၁၉ ၆၀၃ ၆၀၅ ၆၀၀MIRT(MAPT)
Background