ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ်ပဲစင်းငုံအရောင်းအဝယ်ဖြစ်မှုက ယခင်တစ်ပတ်ထက် ၁ဆပိုလာတာ တွေ့ ရပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၉၀၀၀ နီးပါး အရောင်းအဝယ်ဖြစ်ခဲ့ရာမှ မေ ၇ ရက်မှ ၁၁ ရက်အထိ တစ်ပတ်အတွင်း တန်ချိန် ၁၄၀၀၀ ထိ အရောင်းအဝယ် စာချုပ် ချုပ်ခဲ့ကြောင်း သိရပါတယ်။ ယခုတစ်ပတ်အတွင်း အိန္ဒိယဝယ်လက်များဝယ်လိုအားတက်လာခဲ့တာကြောင့် ယခုတစ်ပတ်အရောင်းအဝယ်ပိုဖြစ်လာခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ သီတင်းပတ် နှောင်း ပိုင်းမှာတော့ ဝယ်လိုအားပြန်နှေးသွားတယ်လို့ သိရပါတယ်။ ဝယ်လိုအားသွက်လို့ ပဲဈေးတိုးလာခဲ့ပေမဲ့ ကွန်တိန်နာငှားရမ်းခ ဈေးကျဆင်းခြင်းမရှိသေးတာကြောင့် ပဲ FOB ဈေးများတိုးသင့်သလောက် တိုးလာခြင်းမရှိကြောင်း သိရပါတယ်။ ဒေါ်လာ/တန် ငုံနီ(အသစ်) ဖြူနီ၊အဖြူ(အသစ်) ငုံနီ(အဟောင်း) ဖြူနီ၊အဖြူ(အဟောင်း)၁၁-၅-၁၂ ၅၇၀-၅၉၀ ၄၈၀-၅၀၀ ၅၄၀-၅၆၀ ၄၃၀-၄၅၀၄-၅-၂၀၁၂ ၅၄၀-၅၆၀ ၄၅၀-၄၇၀ ၅၁၀-၅၃၀ ၄၀၀-၄၂၀MIRT(MAPT)
Background