Main menu

Background

အိန္ဒိယပဲစင်းငုံ တစ်ပတ်အတွင်း မြင့်တက်လာ

Wed, 05/16/2012 - 05:47 -- Anonymous (not verified)

    အိန္ဒိယပြည်တွင်း ဈေးကွက်တွေမှာ ယခုတစ်ပတ် ပဲစင်းငုံဈေး သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ ဆောင်းပဲဝင်ရောက်မှုရှိနေပေမဲ့ ပဲစင်းငုံအထွက်လျော့တဲ့ အတွက် ပြည်တွင်းလက်ကျန်နည်းနေပြီဖြစ်လို့ ပြည်ပမှ တင်သွင်းလျက်ရှိပါတယ်။ အချို့ဈေးကွက်တွေမှာ ပြုပြင်ပြီး ပဲစင်းငုံ အဝယ်ရှိလာလို့ ပဲခွဲစက်များက ဝယ်ယူမှု တက်လာတယ်လို့ သိရပါတယ်။ ကာနာတာကာမှာ ပဲစင်းငုံစိုက်ပျိုးမှုကို ယခုလ နောက်ဆုံးပတ်မှာ စတင်တော့မယ်လို့ သိရပါတယ်။  မေ ၇ ရက်က မွန်ဘိုင်း ဆိပ်ကမ်းကို မြန်မာပဲစင်းငုံ ကွန်တိန်နာ ၂၀ လုံး ဝင်ရောက်ကြောင်း သိရပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-    ဒေါ်လာ/ တန်                 ၁၀-၅-၂၀၁၂    ၉-၅-၂၀၁၂    ၈-၅-၂၀၁၂    ၇-၅-၂၀၁၂မွန်ဘိုင်း            ၆၇၀             ၆၆၄            ၆၄၈           ၆၂၈ဒေလီ               ၆၉၄             ၆၉၂             ၆၈၆          ၆၆၆ချန်နိုင်း             ၆၆၁              ၆၅၉            ၆၆၇          ၆၄၂MIRT(MAPT)