Main menu

Background

လက်ကျန်နည်း ဈေးအေးလာတဲ့ ဟင်္သာတ ပဲလွန်းဖြူ

Wed, 05/16/2012 - 06:03 -- Anonymous (not verified)

    ယခု တစ်ပတ်မှာ ပင်လယ်ရေ ကြောင်းက ပဲလွန်းဖြူ တန် ၁၀၀၀ ကျော်သာ တင်ပို့မှုရှိခဲ့လို့ ယခင်တစ်ပတ် တင်ပို့ခဲ့တဲ့ ပမာဏထက်လျော့ကျခဲ့ပါ တယ်။ ယခုတစ်ပတ်တင်ပို့တဲ့ နိုင်ငံ များကတော့  ကိုရီးယား၊  စင်ကာပူ၊ ဗီယက်နမ်၊ အိန္ဒိယ၊ မလေးရှားနဲ့ အီဂျစ် ကိုဖြစ်ကြောင်း သိရပါတယ်။ ဧပြီလ တစ်လလုံးမှာ ပဲလွန်းဖြူတန်ချိန် ၅၀၀၀ နီးပါးတင်ပို့ခဲ့ပြီး မတ်လမှာ တန် ချိန် ၈၀၀၀ ခန့်တင်ပို့နိုင်ခဲ့ကြောင်း သိရပါ တယ်။ ၂၀၁၁ ဧပြီလအတွင်းမှာတော့ တန်ချိန် ၃၅၀၀ ခန့်သာရှိလို့  ယခုနှစ် ကာလတူမှာ  ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။    ၂၀၁၂-၁၃ ဘဏ္ဍာနှစ် မေလ ၄ ရက်အထိ ပဲလွန်းဖြူတန်ချိန် ၆၀၀၀ နီးပါး တင်ပို့နိုင်ခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၄၁၀၀ ကျော် တင်ပို့မှု ရှိခဲ့ကြောင်း သိရပါတယ်။    ရန်ကုန် FOB ဈေးကွက်မှာ မေလ ၇ ရက်မှ ၁၁ ရက်အထိ မတ်ပဲတန် ၁၇၀၀ ခန့် အရောင်းအဝယ် စာချုပ်နိုင် ခဲ့ပြီး ယခင်တစ်ပတ်က တန် ၁၅၀၀ ခန့် ရောင်းဝယ်ခဲ့ကြောင်း သိရပါတယ်။ ရန်ကုန် ၤဥြ ဈေးအနေနဲ့ ပြောင်းလဲ ခြင်း မရှိဘဲ မေလ ၁၁ ရက်မှာလည်း FAQ တစ်တန် ကန်ဒေါ်လာ ၆၆၀-၆၈၀ နဲ့ SQ တစ်တန် ကန်ဒေါ်လာ ၇၉၀-၈၁၀ နဲ့ ငြိမ်နေကြောင်း သိရပါ တယ်။                          MIRT - MAPT