Main menu

Background

ပဲတီစိမ်း တင်ပို့မှု ယခင်တစ်ပတ်ထက်အနည်းငယ်ပိုလာ

Wed, 05/16/2012 - 06:17 -- Anonymous (not verified)

    ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုမှာ ယခင်တစ် ပတ်ထက် အနည်းငယ်ပိုမိုလာတာတွေ့ရပါတယ်။ ဧပြီလ ၃၀ ရက်မှ မေလ ၄ ရက်အထိ ပဲတီစိမ်းတန်ချိန် ၆၅၀၀ ခန့်တင်ပို့ မှုရှိခဲ့ပါတယ်။ ၂၀၁၂ ဧပြီလ တစ်လလုံးမှာ ပင်လယ်ရေ ကြောင်းက ပဲတီစိမ်းတန်ချိန် ၂၄၀၀၀ ခန့် တင်ပို့နိုင်ခဲ့ပြီး မတ်လမှာ တန်ချိန် ၅၄၀၀၀ ခန့်ထိ တင်ပို့နိုင်ခဲ့ကြောင်းသိရပါ တယ်။ယခင် ၂၀၁၁ ဧပြီလအတွင်းမှာတန်ချိန် ၁၉၀၀၀ ခန့် သာတင်ပို့နိုင်ခဲ့လို့ ယခုနှစ်ကာလတူမှာပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။    ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွင်းမေလ ၄ရက်အထိ ပဲတီစိမ်းစုစုပေါင်း တင်ပို့မှုမှာ တန်ချိန် ၃ သောင်းကျော်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၂၃ သန်းခန့်ရှိလို့ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့တန်ချိန် ၂၆၀၀၀ ကျော်မှရရှိတဲ့ ကန်ဒေါ် လာ ၃၁ သန်းကျော်နဲ့ ယှဉ်ရင် ပမာဏအားဖြင့် ပိုမိုပေမဲ့ ရရှိတဲ့ ဝင်ငွေမှာ ကျဆင်းလျက်ရှိကြောင်း တွေ့ရပါတယ်။MIRT - MAPT