Main menu

Background

ရန်ကုန် FOB ဈေးကွက်မှာ ပဲတီစိမ်း အရောင်းအဝယ် ယခင်တစ်ပတ်ထက် လျော့ကျ

Wed, 05/16/2012 - 06:17 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ်ပတ် ပဲတီစိမ်းရောင်းဝယ်မှုမှာ အခြားပဲများ ထက် အားနည်းတာတွေ့ရပါတယ်။ ယခင်တစ်ပတ်က ပဲတီစိမ်း၊ ရွှေဝါ တန် တစ်သောင်းကျော် စာချုပ်နိုင်ခဲ့ပေမဲ့ မေလ ၇ ရက်မှ ၁၁ ရက်အထိ တစ်ပတ်အတွင်းမှာတော့ တန် ၉၄၀၀ ခန့်သာ အရောင်းအဝယ် စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုများတာကတော့ ပဲတီရွှေဝါများဖြစ်ပါတယ်။    ပြည်ပဝယ်လက်များက အခြားပဲများလောက် အဝယ်မသွက်ဘဲ ပုံမှန်သာ ရှိနေတာကြောင့် ရန်ကုန် FOB  ဈေးလည်းငြိမ် နေတာ တွေ့ရပါတယ်။ မေလ ၁၁ ရက် ရန်ကုန် FOB ဈေးမှာ ပဲတီစိမ်း FAQ တစ်တန် ကန်ဒေါ်လာ ၆၅၀-၆၇၀၊ ရွှေဝါအသေး တစ်တန် ကန်ဒေါ်လာ ၈၀၀-၈၂၀ နဲ့ ရွှေဝါအကြီးမှာ ကန်ဒေါ်လာ ၈၈၀-၉၀၀ ရှိကြောင်း သိရပါတယ်။MIRT - MAPT