အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခင်တစ်ပတ်က ပဲတီစိမ်းဈေး တိုးလာပေမဲ့ ယခုတစ်ပတ်မှာတော့ ပြောင်းလဲမှုမရှိ ငြိမ်နေကြောင်း သိရပါတယ်။ ဈေးကွက်တချို့ကိုသာ ပြည်တွင်းပဲတီစိမ်းဝင်ရောက်မှုရှိပြီး ပြည်ပမှ ပဲတီစိမ်းများ တင်သွင်းလျက် ရှိကြောင်း သိရပါတယ်။ ြပုပြင်ပြီး ပဲတီစိမ်းဈေး တည်ငြိမ်နေတာကြောင့် ဈေးကွက်တွေမှာ ကုန်သည်များနဲ့ ပဲခွဲစက်များ အဝယ်ထိုင်းနေတယ်လို့ သိရပါတယ်။ မွန်ဘိုင်းဆိပ်ကမ်းကို မေလ ၇ ရက်က မြန်မာပဲတီစိမ်း ကွန်တိန်နာ ၃၅ လုံး၊ မေလ ၉ ရက်နေ့က မြန်မာပဲတီစိမ်း ၁၄ လုံး၊ တန်ဇန်းနီးယား ပဲတီစိမ်း ကွန်တိန်နာ ၁၅ လုံး၊ သြစတြေးလျမှ ၄ လုံး၊ အီသီယိုပီးယားမှ ၅ လုံး အဝင်ရှိကြောင်း သိရပါတယ်။ ဈေးကွက်များမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/ တန် ၁၀-၅-၂၀၁၂ ၉-၅-၂၀၁၂ ၈-၅-၂၀၁၂ ၇-၅-၂၀၁၂မွန်ဘိုင်း(ပဲတီရွှေဝါ) ၈၃၄ ၈၂၃ ၈၃၃ ၈၂၅ဒေလီ ၇၈၈ ၇၈၆ ၇၉၅ ၇၈၇ချန်နိုင်း(ပဲတီရွှေဝါ) ၈၄၄ ၈၄၂ ၈၅၁ ၈၄၄MIRT(MAPT)
Background