အိန္ဒိယနိုင်ငံလယ်ယာထွက်ကုန် ကုန်ကျစရိတ်နဲ့ဈေးနှုန်းကော်မရှင်(ဃဗဃဏ) မှ ပဲမျိုးစုံရဲ့ ကြမ်းခင်းဈေးကို ၂၅ ရာခိုင်နှုန်း ၃၀ ရာခိုင်နှုန်းခန့်တိုးမြှင့်ဖို့ အကြံပြုပြီးတဲ့အချိန်မှာ ပဲမျိုးစုံစိုက်ဧရိယာက ယခင်နှစ်ထက် တိုးတက်လို့ လာတာတွေ့ ရပါတယ်။ စိုက်ပျိုးရေးဌာနမှထုတ်ပြန်တဲ့ပဏာမ အစီရင်ခံစာအရ လက်ရှိစိုက်ပျိုးရာသီမှာ ယခုအချိန်ထိ တောင်သူများမှ ပဲမျိုးစုံ ဟက်တာ၁၀ ဒသမ ၈၉ သိန်းစိုက်ပျိုးထားပြီးဖြစ်တယ်လို့သိရပါတယ်။ အဲဒီစိုက်ဧရိယာဟာ ယခင်နှစ်ကာလတူနဲ့ ယှဉ်ရင် ဟက်တာ ၇ ဒသမ ၃၃ သိန်း ပိုမိုလာတယ်လို့သိရပါတယ်။ စိုက်ပျိုးမှုတိုးတက်တဲ့ အစီရင်ခံစာဟာ ပြည်နယ်များမှ စုဆောင်းရရှိတဲ့သတင်းများအပေါ် အခြေခံထားတာ ဖြစ်ပါ တယ်။ အိန္ဒိယနိုင်ငံဟာ ၂၀၁၁-၁၂ အတွင်း ပဲမျိုးစုံတန်ချိန် ၁၇ သန်းဝန်းကျင်ထုတ်လုပ်ခဲ့ကြောင်း စိုက်ပျိုးရေး ဌာနအရာရှိ တစ်ဦးမှဆိုပါတယ်။ ကြံစိုက်ဧရိယာကလည်း ယခင်နှစ်ထက် ပိုမိုမြင့်တက်တယ်လို့ဆိုပါတယ်။ ယခင်နှစ်ကာလတူက ကြံစိုက် ဧရိယာဟာ ဟက်တာ ၄၇ ဒသမ ၆၁ သိန်းရှိခဲ့ရာမှ ယခုနှစ်လက်ရှိအချိန်ထိ ဟက်တာ ၄၈ ဒသမ ၆၁ သိန်း စိုက်ပျိုးပြီးသွားပြီလို့ သိရပါတယ်။ ပုံမှန်စိုက်ဧရိယာဟာ ဟက်တာ ၄၇ ဒသမ ၄၅ သိန်းရှိတယ်လို့ဆိုပါတယ်။ယမင်းခင်၊ Source: Economic times
Background