ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲဟော်လန် ပြည်ပတင်ပို့မှုရော အရောင်းအဝယ် စာချုပ် ချုပ်ဆိုမှုပါ ယခင်တစ်ပတ်ထက် လျော့ကျတာ တွေ့ရပါတယ်။ ဧပြီလ ၃၀ ရက်မှ မေလ ၄ ရက်အထိ ပြည်ပကို တန်ချိန် ၂၄၀၀ ကျော်သာ တင်ပို့နိုင်ခဲ့လို့ ယခင်တစ်ပတ်တင်ပို့ခဲ့တဲ့တန် ၄၃၀၀ ထက်လျော့ကျခဲ့ပါတယ်။ ၂၀၁၂ ဧပြီလ တစ်လလုံးမှာ ကုလားပဲတန်ချိန်၉၀၀၀ နီးပါးရှိခဲ့ပြီး မတ်လမှာ တန် ၁၂၀၀၀ နီးပါး တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၁ ဧပြီလအတွင်းမှာတော့တန်ချိန် ၅၀၀၀ နီးပါးသာ တင်ပို့မှု ရှိခဲ့လို့ ယခုနှစ်မှာ ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ ၂၀၁၂-၁၃ မေလ ၄ ရက်အထိ စုစုပေါင်း တင်ပို့ပြီးစီးမှုအနေနဲ့ တန်ချိန် ၁၁၀၀၀ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန် ၈၀၀၀ ကျော်ရှိခဲ့ပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ မေလ ၇ ရက်မှ ၁၁ ရက်အထိ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲခွဲခြမ်းစုစုပေါင်း တန် ၅၀၀၀ ကျော်ရှိခဲ့လို့ ယခင်တစ်ပတ် အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပမာဏထက် အနည်းငယ် လျော့ကျခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှုလျော့ကျပေမဲ့ ရန်ကုန် FOB ဈေးမှာ ယခင်တစ်ပတ်ထက် ပိုလာတာတွေ့ရပါတယ်။ မေလ ၄ ရက်က FAQ တစ်တန် ကန်ဒေါ်လာ ၈၀၀-၈၂၀ ရှိရာမှ မေလ ၁၁ ရက်မှာ ကန်ဒေါ်လာ ၈၂၀-၈၄၀ ကို ပိုမိုလာခဲ့ပါတယ်။MIRT - MAPT
Background