အိန္ဒိယနိုင်ငံရဲ့ တတိယအကြိမ်နောက်ဆုံး ခန့်မှန်းချက်အရ ၂၀၁၁-၁၂ ဆောင်း ပဲမျိုးစုံ စုစုပေါင်း စိုက်ပျိုးမှုဟာ ဟက်တာ ၁၄၉ ဒသမ ၁၂ သိန်းရှိလို့ ယခင်နှစ် စိုက်ပျိုးခဲ့တဲ့ ဟက်တာ ၁၄၀ ဒသမ ၈၂ သိန်းနဲ့ယှဉ်ရင် ၅ ဒသမ ၈၉ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဆောင်းရာသီအတွင်း မတ်ပဲစိုက် ဧရိယာယခင်နှစ်က ဟက်တာ ၇ ဒသမ ၄၁ သိန်းရှိခဲ့ရာမှ ၂၀၁၁-၁၂ ဆောင်းရာသီ မှာ ၅၃ ဒသမ ၃ ရာခိုင်နှုန်း ပိုမိုပြီး၊ ဟက်တာ ၁၁ ဒသမ ၃၆ သိန်း စိုက်ပျိုးနိုင်ခဲ့ တယ်လို့ သိရပါတယ်။ ဒါကြောင့် မတ်ပဲထုတ်လုပ်မှုက စံချိန်တင် တိုးတက်ခဲ့တယ် လို့ ဆိုပါတယ်။ ဒါပေမယ့် ကုလားပဲစိုက်ပျိုးမှုကတော့ ၂ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့ပါ တယ်။ ၂၀၁၀-၁၁ ဆောင်းရာသီမှာ ဟက်တာ ၉၁ ဒသမ ၈၆ သိန်းရှိရာမှ ၂၀၁၁-၁၂ မှာ ဟက်တာ ၈၉ ဒသမ ၆၂ သိန်းကို ကျဆင်းခဲ့ပါတယ်။ ပဲတီစိမ်းနဲ့ အခြား ပဲမျိုးစုံ စိုက်ပျိုးမှုမှာလည်း ၁၀ ရာခိုင်နှုန်းနဲ့ ၁၆ ရာခိုင်နှုန်း အသီးသီးကျဆင်းကာ ဟက်တာ ၇ ဒသမ ၃၁ သိန်းနဲ့ ဟက်တာ ၄၀ ဒသမ ၈၄ သိန်းရှိခဲ့တယ်လို့ သိရ ပါတယ်။ယမင်းခင်Source: agriwatch.com
Background